Part 47
သူမက ပြောင်းပေါင်မုန့်တစ်ခုကို စမ်းစားကြည့်လိုက်သည်။သေချာပေါက်ပင် ဒီအရာက လူများစားဖို့အတွက်မဖြစ်နိုင်ပေ။ဤအရာက ဂျုံမှုန့်ကို ကန်စွန်းဥရွက်များနှင့် ဝက်များကိုသာကျွေးသော ကြမ်းထော်နေသည့်ပင်စည်များနှင့် ရောစပ်ထားခြင်းတောင် ဖြစ်နိုင်ပေသည်။ဤအရာကိုစားရသည်မှာ ဖွဲနုများကိုစားနေရသလိုပင် ဖြစ်ပေသည်။
သူတို့က မိသားစုကြီးဆီမှ ခွဲထွက်လာသည်မှာ နှစ်ရက်မျှသာရှိသေးသော်လည်း အစားအစာများက ဒီလိုကြောက်မက်ဖွယ်ကောင်းသော အခြေအနေထိတောင် ထိုးကျသွားခဲ့လေသည်။ဖြစ်နိုင်တာက သူတို့ကို အိမ်ကိုလာပြီးမစားစေချင်တော့တာများလား။ဒါမှမဟုတ် အခြားတခုခုများလား။
ပြီးလျှင် ဒီအစားအစာတွင် ချက်ပြုတ်ခြင်းဆိုင်ရာ အခြေခံနည်းပညာများက နည်းနည်းလေးတောင်ပါဝင်မနေပေ။မနက်စာအတွက် သူတို့က ပြောင်းဆန်ဖြင့်ပြုလုပ်ထားသော ကိတ်မုန့်များ၊ ကောင်းမွန်သော ပြောင်းဆန်ပေါင်မုန့်များအပြင် တစ်ခါတစ်လေတွင် ကန်စွန်းဥအချိုများပါ ပါဝင်တတ်ပေသည်။နေ့လည်စာအတွက် ဆန်ပြုတ်တစ်ခုသာရှိနေလျှင်တောင်မှ ပြောင်းဆန်ကိတ်မုန့်များသည် ညစာအထိတောင် အခြားဟင်းသီးဟင်းရွက်များဖြင့် ထပ်ပေါင်းစားလို့ရနိုင်ပေသည်။အနည်းဆုံးတော့ ဤနေရာတွင် ဆန်ပြုတ်တစ်ချို့တော့ လုပ်ထားသင့်ပေသည်။
လင်းလန် သူမ၏အရင်ဘဝတုန်းက မချက်ပြုတ်ခဲ့ရရင်တောင်မှ ဒီအစားအစာများအားလုံးတွင် ချက်ပြုတ်ခြင်းဆိုင်ရာ အခြေခံနည်းစနစ်များ မပါဝင်နေတာကို ပြောနိုင်ပေသည်။
သို့သော်...ဘာလို့ အကြီးဆုံးယောင်းမ၏ ဟင်းလျာများက စားဖို့ခက်ခဲနေရတာလဲ။
၎င်းက ဒီအတိုင်းအရသာမကောင်းရုံတင်မဟုတ်ပေ။ဒီရက်ပိုင်းအတွင်းတွင် မိသားစုကခွဲထွက်လာပြီးနောက် အိမ်မှာရှိသော အစားအစာများက တကယ်ပင် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးဆိုးရွားလာတာကို တွေ့လိုက်ရပေသည်။သူမ အခုမှ ဤအရာများကို စန်းဝမ်ပြောခဲ့ဖူးသော အရာတစ်ချို့နှင့် ဆက်စပ်သွားနိုင်တော့သည်။သူပြောခဲ့ဖူးတာက ဒီလိုမျိုးဖြစ်သည်။
![](https://img.wattpad.com/cover/346139653-288-k765067.jpg)
YOU ARE READING
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
General FictionTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...