Part 152
ဟန်ချင်စုန့်က တစ်ချက်ကြည့်ကာ..
"မှန်ပါတယ်... ဒီနည်းနဲ့ လုပ်လို့ရတယ်... တပ်မဟာတစ်ခုချင်းစီရဲ့ ပြည်သူ့စစ်လေ့ကျင့်ရေး အဖွဲ့တွေက လိုက်လျောညီထွေရှိရမယ်...အားလပ်တဲ့ရာသီနဲ့ အလုပ်များတဲ့ရာသီအတောအတွင်းမှာ လေ့ကျင့်လို့ရတယ်...အလုပ်သမားတွေက တပ်မဟာအသီးသီးရဲ့ ကင်းလှည့်မှုကို အာရုံစိုက်ပါ"
“ဟုတ်ကဲ့...”
“မနက်ဖြန် စီရင်ချက်ချပြီးရင် သူတို့ကို စိုက်ခင်းဆီခေါ်သွားဖို့ ကပ္ပတိန်လော့ကိုတောင်းဆိုရမှာပဲ"
ဟု ဟန်ချင်စုန့်ကဆို၏။
လော့ဟိုင်ချန်က ပြုံးပြီးပြောသည်။
" ခေါင်းဆောင်ဟန်က အမိန်ပေးမှတော့ အသေ အချာပဲပေါ့"
စွန်းကျောက်ဝမ် လော့ဟိုင်ချန်ကို လေထဲကိုရောက်အောင် ကန်ပစ်လိုက်ချင်၏။
သူက မင်းရဲ့စွမ်းပကားကို လိုအပ်နေတာလေ...
ဘာတွေဟန်ဆောင်နေတာလဲ...
မွန်းလွဲပိုင်းတွင် ဟန်ချင်စုန့် သူ့ကိုယ်သူ ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်လုပ်ရန် ပြည်သူ့လုံခြုံရေးဗျူရို၏ ယာယီထိန်းသိမ်းရေးစခန်းသို့ သွားခဲ့သည်။
အကျဉ်းစခန်းလို့ ခေါ်သည့်အရာက ထောင့်နားက ဝင်းကျဉ်းလေးတစ်ခုသာဖြစ်လေ၏။ ယခုအချိန်မှာ အကျဉ်းသားကို ချည်နှောင်ထားဖို့ မလိုအပ်တော့ဘဲ အထဲမှာ တိုက်ရိုက် ပိတ်လှောင်ထားပြီး စီရင်ချက်ချပြီးနောက် လုပ်သား ပြုပြင်ပြောင်းလဲရေး ခြံကို ပို့လိုက်တော့သည်။
ဟန်ချင်ဟွကို လွန်ခဲ့သည့် နှစ်ရက်က ကွန်မြူနတီကို ပြန်ပို့ခဲ့ပြီး ယခုအခါ ကျောက်ကျန့်ရှယ်နှင့် အခြားလေးဦးတို့နှင့်အတူ ပိတ်လှောင်ခံထားရ၏။
သူတို့ပထမဆုံးစတွေ့တုန်းက ကျောက်ကျန့်ရှယ် က ဒေါသထွက်လွန်၍ ဂျပိန်နှင့်ဟန်ချင်ဟွကို ရိုက်နှက်ပစ်လိုက်သည်။
အကယ်၍ ဟန်ချင်းဟွသာ ယွမ် ၁၅၀၀ အကြောင်းကို မပြောခဲ့ပါက ဟန်ချင်စုန့်ထံတွင် အဖမ်းခံရရန်အတွက်နှင့်တင် သူ့တွင် မည်သို့ ထိုသို့သော ဆိုးယုတ်သည့် အကြံအစည်များ ရှိလာပြီး တစ်စုံတစ်ဦးကို ငွေခိုးယူရန် ဦးဆောင်ပါမည်နည်း။
![](https://img.wattpad.com/cover/346139653-288-k765067.jpg)
YOU ARE READING
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
General FictionTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...