Part 155
ညွှန်မှုးကျား အနည်းငယ် ရှက်သွားပြီး နှစ်ကြိမ် ရယ်လိုက်သည် ။ဒီကလေးက တကယ့်ကို ရူးတာပဲ...သူက ရုပ်ချောပြီး တုံးအနဲ့လူနဲ့လည်းမတူပါဘူး...ဘာလို့သွယ်ဝိုက်ပြီးပြောတာကို နားမလည်ရတာလဲ...
ဟန်ချင်းဟွကို အိမ်ပြန်ခွင့်မပြုရင် ကျောက်ကျန့်ရှယ်ကို ဘယ်လိုပြန်လွှတ်မှာလဲ...
ခေါင်းကိုက်လိုက်တာ....
"ပညာပေးတာက တော်လှန်ရေး ကော်မတီ အစည်းအဝေးမှာ နေ့တိုင်း ဝေဖန်နေတဲ့အရာပဲ...
သူတို့ကို ခြံဝင်းလှည်းကျင်းခိုင်းတာက စိုက်ခင်းထဲသွားတာနဲ့အတူတူနီးပါးပါပဲကွာ"
"ကျွန်တော်တို့ ဝင်းထဲမှာ တံမြက်စည်း လှည်းတဲ့လူ တစ်ယောက်မှ မရှိဘူးလား"
ဟန်ချင်စုန့် အနည်းငယ်အံ့အားသင့်သွားပြီး
"ဒါဆို တာဝန်ကျနေတဲ့ ပြည်သူ့စစ်တချို့ကို ခေါ်လိုက်မယ်လေ"
ညွှန်ကြားရေးမှူးကျား : "..."
ငါနှယ်... ဒါက တံမြက်စည်းလှည်းရမဲ့ကိစ္စလားကွ...
"ခေါင်းဆောင်ဟန် ကြည့်ပါ...သူတို့က ငယ်သေးတယ်... မစဥ်းစားတတ်ကြသေးဘူး"
"ဒါဆို လယ်ထဲ ပို့ပြီး ပညာကောင်းကောင်းယူခိုင်းလိုက်မယ်လေ"
ဟန်ချင်စုန့်၏ ချောမောခန့်ညားသေ မျက်နှာက တည်ကြည် လေးနက်နေပြီး သူ့နှုတ်ခမ်းအနားသတ်များက တဖြောင့်တည်းဖြစ်လုနီးပါးပင်။ နောင်တရသည့်သူတွေက ပညာကောင်းကောင်းယူရမည်ကို ဟန်ချင်းဟွမသိရှာပေ၊ ယင်းက ကျေးလက်ကိုသွားရသည့် ပညာတတ်လူငယ်တွေနှင့် ဆင်တူလေသည်။
သူ့ကို တည့်တိုးမရှင်းပြရင် နားလည်မည်ပုံမရကြောင်း ညွှန်မှူးကျား သိရှိသွားသော်လညိး တိုက်ရိုက်ပြောရသည် တကယ်စိတ်ပျက်စရာကောင်း၏။
အကြံတစ်ခုဖြင့် သူ စွန်းကျောက်ဝမ်ကို ခေါ်လိုက်သည်။
မကြာခင်မှာပဲ စွန်းကျောက်ဝမ် ဝင်လာပြီး သူ့မျက်နှာပေါ်ရှိ မာနကို ဖုံးကွယ်မထားနိုင်ဘဲ ဘာကိစ္စပဲရှိရှိ သူ့ကိုဆုံးဖြတ်ခိုင်းသည်ဟူသောမျက်နှာထားဖြစ်နေ၏။
![](https://img.wattpad.com/cover/346139653-288-k765067.jpg)
VOUS LISEZ
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
Fiction généraleTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...