Part 48
ဂျုံပင်က နွေရာသီတွင်သာ ဖြစ်ထွန်းပေသည်။ထို့ကြောင့် မည်သည့်ဂျုံကောင်းကောင်းမှ ရှိမနေဘူးလို့ပြောတာက မဖြစ်နိုင်ပေ။
ဟန်ချင်စုန့် : ‘‘တကယ်လို့ အမေတို့မှာ ခေါက်ဆွဲမရှိဘူးဆိုရင်လည်း。。。ကြက်ဥနဲ့လုပ်လို့ရတယ်လေ။ထားလိုက်ပါတော့。。。ကျွန်တော်ဘဲလုပ်လိုက်မယ်’’
‘‘နင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’’
အဖွားကြီးဟန်က ဒေါသထွက်လာလေသည်။
‘‘ဒီမှာစုစုပေါင်းဆိုလို့ ကြက်ကောင်ရေနည်းနည်းဘဲရှိတာ。。。သူတို့ထဲက တစ်ဝက်လောက်ကလည်း ဥမဥသေးဘူး။အခုနင်က ဘာပိုက်ဆံမှာစုဆောင်းနေတာမဟုတ်ဘူး。。。ပြီးတော့ အိမ်မှာက ဘာဝင်ငွေမှလည်းရှိမနေဘူး။အဲ့ဒါကြောင့် ကြက်ဥတွေကလွဲလို့ ငါတို့ကိုဘာနဲ့အသက်ဆက်ရှင်ဖို့ နင်တွေးထားတာလဲ။တကယ်လို့ နင်ကသာ အခုဘဲကြက်ဥတွေကိုစားလိုက်ရင် ငါက ရေနံဆီနဲ့ ဆားကို ဘာနဲ့သွားလဲရတော့မှာလဲ။’’
အားဝမ်က နှုတ်ခမ်းစူလိုက်ကာ တီးတိုးပြောလိုက်လေသည်။
‘‘ဒီအတိုင်း အငယ်ဆုံးဦးလေးနဲ့ အဒေါ်အတွက် ချန်ထားပေးတာကိုများ... ’’
ဟန်ချင်စုန့်က ညစာစားပွဲကို တစ်ချက်ကြည့်လိုက်သည်။ရှောင်ဝမ်က နုံးခွေနွမ်းလျနေကာ ကောင်မငယ်လေး မိုင်စွေ့က မည်းတူးကာ မာကျောနေသော ပေါင်မုန့်ကြမ်းအား မကျေမနပ်ဖြင့် တတိတိကိုက်ဝါးနေလေသည်။လင်းလန်က သိသိသာသာပင် အပေါက်အဖာများရှိနေသော အဝတ်ကိုဝတ်ထားကာ မရေမတွက်နိုင်လောက်အောင် ဖာထေးပြုပြင်ထားရတာကြောင့်
သူမ၏ မျက်စောင်းထိုးတွင် ထိုင်နေသော ဒုတိယချွေးမ၏ အဝတ်နဲ့ယှဉ်လျှင် အလွန်ပင်စုတ်နွမ်းနေလေသည်။သူ၏ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုထိုးထွက်လာလေသည်။。。。ထိုအရာက ချဉ်စုတ်ပြီး တစစ်စစ်ခံစားနေရကာ သူ၏ရင်ဘတ်ထဲတွင် မွန်းကြပ်နေသလိုပင်ဖြစ်သည် ။
‘‘ကြက်ဥတစ်လုံးက သုံးပြား၊လေးပြားလောက်ဘဲရှိတယ် ’’
ဟန်ချင်စုန့်က ပြန်ခုခံပြောလာလေသည်။
![](https://img.wattpad.com/cover/346139653-288-k765067.jpg)
BẠN ĐANG ĐỌC
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
Tiểu Thuyết ChungTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...