Part 120
မည်သူမှ တရားဝင် အစီအရင်ခံစာမတင်ခင် တစ်ယောက်ယောက်က အခြေအနေ အကျိုးအကြောင်းမေးရန် ရောက်လာခဲ့သည်။
လုံခြုံရေးခေါင်းဆောင် နှင့် ဟန်ချင်းယွမ်ရောက်လာကြပြီး မည်သို့ဖြစ်ပျက်ခဲ့မှန်း လာထောက်လှမ်းကြပေသည်။
ဟန်ချင်းယွမ်က အပြေးအလွှားရောက်လာပြီး
" ခယ်မလေး မင်းအဆင်ပြေရဲ့လား...အာ,ဒါက... ဘယ်လိုတွေဖြစ်ကုန်တာလဲ..."
သူ မီးအိမ်ကိုင်လျက် မြေကြီးပေါ်၌ ညည်းညူလှဲလျောင်းနေသော လူများကိုကြည့်ရင်း ပါးစပ်အဟောင်းသားနှင့် အံ့သြဘနန်းဖြစ်နေသည်။
ဒီမိန်းမက တော်တော်အစွမ်းထက်လွန်းတဲ့သူပဲ...
" တတိယလေး မင်းပြန်လာပြီလား..."
ဟန်ချင်းယွမ်က ဟန်ချင်စုန့်ကို မြင်သောအခါမှ သူကြုံခဲ့ရသော အံ့သြစရာဖြစ်ရပ်များ၏ပဟေဠိလည်း အဖြေမှန်ပေါ်သွားတော့သည်_ ထိုလူများကို ဟန်ချင်စုန့်ရိုက်ခဲ့ခြင်းသာ...
ဟန်ချင်စုန့်သည် ထိုအကြောင်းဆွေးနွေးရန် သူတို့ကို အိမ်ထဲသို့ဖိတ်လိုက်သည်။
" သူခိုးတစ်ချို့ ပစ္စည်းခိုးဖို့ ရောက်လာကြတာ..."
လုံခြုံရေးဒါရိုက်တာက လျှိုချွန်းဟယ်ကို မြင်သောအခါ အံ့သြသွားပြီး လက်ညှိုးတထိုးထိုးဖြစ်နေသည်။
" လျှိုချွန်းဟယ်... မင်းက ဘာလို့ဒီရောက်နေတာလဲ..."
လျှိုချွန်းဟယ်သည် အခုအချိန်လေးတွင်း၌ သေချင်စိတ်ကလွဲပြီး ဘာမှမဖြစ်ချင်တော့။ သို့သော် တဝမ်က သူ၏ဦးခေါင်းနှင့်တင်ပါးကိုသာ ရိုက်ခဲ့သဖြင့် နာကျင်နေသော်လည်း သူဆန္ဒရှိသည့်အဆုံးသတ်ကို မရောက်နိုင်ဖြစ်နေသည်။
လင်းလန်သည် ဟန်ချင်စုန့်ကိုတစ်ချက်ကြည့်လိုက်ပြီးသည့်နောက် သူမ၏အကြည့်များကို လုံခြုံရေးခေါင်းဆောင် ထံသို့ရွှေ့လိုက်သည်။ အဆုံး၌ သူက ဟန်ချင်းယွမ်ကိုပြောသည်။
" ချင်းယွမ် ဒီကိစ္စကို အတွင်းရေးမှူးခေါင်းဆောင်ကို ကိုင်တွယ်ခွင့်ပေးချင်လား မင်းအထင်ကောဘယ်လိုလဲ..."
أنت تقرأ
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
قصص عامةTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...