Part 144
ဟန်ချင်စုန့် က ဟန်ရုံဖန်ဆီသို့သွား၍ အိမ်ဆောက်မည့်အကြောင်းပြောပြလိုက်သည် ။
" ဦးလေး ကျွန်တော်အိမ်ဆောက်ဖို့စာရင်းပေးချင်လို့ပါ "
ဟန်ရုံဖန်က ပျော်ရွှင်စွာနှင့်ပင် မြေပုံထုတ်ပြရင်းပြောလိုက်သည် ။
" လာလာ တူလေးကြိုက်တဲ့နေရာလာရွေး "
ဟန်ချင်စုန့်က ဟန်ရုံဖန်၏ တက်ကြွသောသဘောထားကြောင့် အံ့အားသင့်သွားရသည် ။
" ကျွန်တော်စောင့်ဆိုင်းဖို့မလိုဘူးလား "
ဟန်ချင်စုန့်က နောက်နှစ်လောက်ထိစောင့်ဆိုင်းရလိမ့်မည်ဟုထင်ခဲ့ခြင်းဖြစ်သည် ။ အိမ်တစ်လုံးဆောက်ရန်မလွယ်ကူသောကြောင့် မိသားစုများမှာ အခန်းတစ်ခန်းထဲတွင်ကြပ်သိပ်နေထိုင်ကြပြီး ချွေတာရန်သာအာရုံရှိသည် ။ ထို့အပြင် ငွေကြေးအလုံအလောက်မရှိခြင်းတို့ကြောင့် မည်သူမျှအိမ်ဆောက်ရန်စိတ်ကူးမရှိကြချေ ။
ဟန်ရုံဖန် ကခေါင်းခါ၍ပြောလိုက်သည် ။
" မလိုဘူး ဦးလေးမင်းအတွက်စာရင်းပေးပြီတာကြာပြီ "
ဟန်ရုံဖန်သည်လည်း ဟန်ချင်စုန့်၏အလုပ်ပြောင်းလဲလိုမူကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည် ။ အမှန်တကယ်တွင် အိမ်ဆောက်ရန်လျှောက်ထားမူမှာ အဖွားကြီးဟန်အားသတိမပေးဘဲ ဟန်ရုံဖန်တစ်ယောက်တည်းစီစဥ်ခဲ့ခြင်းဖြစ်သည် ။
ဟန်ချင်စုန့် ၏ရသမျှပိုက်ဆံအားလုံးအား အဖွားကြီးဟန်လက်ဝါးကြီးအုပ်ထားသောကြောင့် သဘောတူမည်မဟုတ်မှန်းထင်ရှားသည် ။ ထို့ကြောင့်ရှေးရိုးစွဲအယူအဆများဖြင့်သာခြိမ်းခြောက်နေပြီး အိမ်ဆောက်ခိုင်းလိမ့်မည်မဟုတ်ပေ ။အိမ်ခွဲပြီးသည့်နောက်တွင် သားနှင့်ချွေးမတို့မှာသီးခြားနေထိုင်ကြမည်ဖြစ်သည် ။
အဖွားကြီးဟန်၏ သဘောထားအားမည်သူမှအဖက်မလုပ်ပေ!
သူမကိုယ်သူမ ဘုရင့်မယ်တော်ကြီးလို့ထင်နေတာလားပဲ...
မိသာစုတော်တော်များများမှာအိမ်ထောင်စုခွဲမထွက်ရသည့်အကြောင်းအရင်း များစွာရှိသည် ။ တချို့မှာပင်မမိသားစုက ခွဲထွက်လျှင်ပေးရမည့် ပစ္စည်းများမပေးနိုင်သောကြောင့် ၊ တချို့မှာသက်ကြီးရွယ်အိုများက အထီးကျန်မည်ကိုစိုးရိမ်ကြသောကြောင့်ဖြစ်သည် ။
![](https://img.wattpad.com/cover/346139653-288-k765067.jpg)
YOU ARE READING
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
General FictionTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...