Chapter 72
ပွဲကြည့်နေသူများအတွက်ကတော့ သူမကစာကြည့်စားပွဲ ဒါမှမဟုတ် ထိုင်ခုံကဲ့သို့သော အသုံးအဆောင်မျိုး ပြုလုပ်ချင်ခဲ့သောကြောင့်ဟုထင်ကြသော်လည်း အဖိုးကြီးဟန်က လင်းလန် ဤမျှလောက်ဥာဏ်မကောင်းဟုထင်ကာ ဟန်ချင်စုန့် သူမအားပြောထားသောကြောင့်ဟုထင်နေသည် ။
ဟန်ချင်စုန့် ကမိသားစုအားအများကြီးထောက်ထားခဲ့သည်အား တွေးကာ အဖိုးကြီးဟန်က စဥ်းပင်မစဥ်းစားတော့ဘဲ ချက်ချင်းသဘောတူလိုက်သည် ။
" ကောင်းပြီ "
အခန်းထဲက အဖွားကြီးဟန် ကြားသည့်အခါ ချက်ချင်းပင်ပြေးထွက်လာသည် ။
" အိမ်မှာရှိတဲ့သစ်ပင်က ကျန်းယုနဲ့ ကျန်းပေါင်တို့လက်ထပ်တဲ့အခါကျ သုံးဖို့!"
အစ်ကိုကြီးဟန်နှင့် သူဇနီးကဘာစကားမှဝင်မပြောခဲ့ကြသော်လည်း သိပ်ပြီးသဘောမကျနေခဲ့ပေ ။ အဖိုးကြီးဟန်က သူ့အချစ်ဆုံးသားကို လူသိသာအောင်မပြဘဲ အကုန်လုံးပေါ်တွင် တန်းတူဆက်ဆံသော်လည်း အဖွားကြီးဟန်ကတော့ ဘယ်သူ့မျက်လုံးအောက်ကမှဖုံးကွယ်မထားဘဲ အတိအလင်းကိုဖော်ပြထားသည် ။
အဖိုးကြီးဟန်က အဖွားကြီးဟန် အရမ်းလွန်နေသည်ကိုသိသောကြောင့် ဘာမှဆက်မပြောရန်တားလိုက်သည် ။ ဟန်ချင်စုန့် ကသူ့အဖေစိတ်ဆင်းရဲနေသည်အား မမြင်ချင်ပါသော်လည်း လင်းလန်၏တောင်းဆိုချက်ကိုကြားသည့်အခါ ဆက်ပြီးသာ ပါးစပ်ပိတ်နေလိုက်သည် ။
လင်းလန်တို့အား ပိုက်ဆံ ၊ ရိက္ခာနှင့်သစ်ပင်တို့အားပေးလိုက်ပြီးနောက် မိသားစုတွင်တောင်းဆိုနိုင်မည့်အရာ ဘာမှပင်မကျန်တော့ချေ ။
အားလုံးပြီးဆုံးပြီးနောက် အုပ်ချုပ်ရေးမူးက ခွဲဝေထားသည့် ပစ္စည်းများအား စာရင်းမှတ်ထားလိုက်သည် ။
" အုပ်ချုပ်ရေးမှူးကြီး အကြီးတွေကိုစောင့်ရှောက်ဖို့အတွက်ကိုရော ဘယ်လိုဆုံးဖြတ်ကြမလဲ ပုံမှန်ဆိုရင်မိသားစုရဲ့ အကြီးဆုံးသားကသာ စောင့်ရှောက်ရတာမဟုတ်လား အဲ့တာကိုလည်း သေချာရှင်းလင်းအောင်လုပ်မှဖြစ်မယ် "
VOCÊ ESTÁ LENDO
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
Ficção GeralTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...