Part 136
အဘွားအိုက လင်းလန်တုန်းကထက်တောင် ပိုပြီးအံ့ဩသွားသည်။ သူမ ငိုယိုဖို့ကိုပင်. ဂရုမစိုက်နိုင်တော့ဘဲ ကျိန်ဆဲလာလေသည်။
‘‘ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်က အပ်နဲ့အပ်ချည်ကိုကိုင်လို့ရမှာလဲ အဲ့လိုဆိုရင် ဇနီးတစ်ယောက်ကိုလက်ထပ်လိုက်တာက ဘာလုပ်မလို့လဲ ’’
ဟန်ချင်စုန့်က ပြောလိုက်သည်။
‘‘စစ်တပ်ထဲမှာဆိုရင်လည်း ဒါတွေကို ကျွန်တော်ကိုယ်တိုင်ဘဲ ချုပ်ရတာပါ’’
လင်းလန်က နှုတ်ခမ်းစေ့လိုက်ကာ ပြုံးလိုက်မိပေသည်။သူ့ကို ကြည့်လိုက်ပြီး သူမအရမ်းစိတ်ကျေနပ်သွားမိသည်။
အဖွားအိုဟန် သူတို့နှစ်ယောက်ကိုကြည့်ကာ မူးဝေလာသလို ခံစားလိုက်ရပြီး သူတို့ကိုလက်ညှိုးထိုးကာ ဆူငေါက်လိုက်သည်။
.
‘‘နင်က နေ့ဘက်မှာအလုပ်မသွားဘဲ အိမ်မှာ မိန်းမနဲ့ လာကစားနေတယ်၊မရှက်ဘူးလား အလှောင်ခံရမှာ မကြောက်ဘူးလားဟဲ့.. နင်ပိုပြီးတော့ ကောင်းကောင်းမွန်မွန်ပြုမူလို့မရဘူးလား ’’
ဟန်ချင်စုန့်က အဖွားအိုကိုကြည့်လိုက်မိသည်။
‘‘အမေဘဲ ကျွန်တော့်အတွက် အလုပ်လုပ်ပေးမယ်ဆို မဟုတ်ဘူးလား ’’
အဖွားအိုက သူ့ကိုကြည့်လိုက်ကာ ထပေါက်ကွဲတော့မလိုပင် ဖြစ်လာလေသည်။သူက သူမစကားတွေကို နားမထောင်တော့တာကြောင့် သူမကခြေလှမ်းပြင်းပြင်းနှင့် ရင်ဘတ်ကို ဒေါသတကြီး ထုလိုက်ကာ ထွက်သွားလိုက်၏။
‘‘နင်က အမေ့ကိုထပ်ပြီး ကူညီတော့မှာမဟုတ်ဘူး ၊မိန်းမရသွားတာနဲ့ နင့်မှာအမေရှိတယ်ဆိုတာကို မေ့သွားပြီမလား အားးး’’
ဟန်ချင်စုန့်က အဖွားကြီးရဲ့သရုပ်ဆောင်မှုကို နေသားကျနေပုံပေါ်ပေသည်။ဒါကြောင့် မလှုပ်လာဘဲ စောင်ကိုသာ ဆက်ချုပ်နေတော့သည်။
လင်းလန်က အလျင်အမြန်ဘဲ အော်ပြောလိုက်လေသည်
‘‘အမေ ရေ ဘာလို့ထွက်သွားတာလဲ ညစာစားဖို့အတွက် နေအုံးလေ ’’
![](https://img.wattpad.com/cover/346139653-288-k765067.jpg)
YOU ARE READING
၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်
General FictionTitle - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်ထဲသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ မူလကိုယ်သည် သူမခင်ပွန်း၏ ကောင်းမွန်သည့်အနာဂတ်ကို ဖျက်စီးလိ...