၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

6.4K 265 7
                                    

Part 156

တစ်ဖက်မှ စိတ်အားထက်သန်စွာ စည်းရုံးနေသည့် စကားလုံးများကို ကြားလိုက်ရသည်တွင်  အော်ပရေတာအမျိုးသမီးက နားကန်းလုမတတ်ဖြစ်သွားပြီး  ကျယ်ကျယ် အော်ပြောလိုက်၏။

“ဖုန်းက တကယ်ပျက်နေတာ...ဘာမှ ရှင်းရှင်းလင်းလင်း မကြားရဘူး...ဒါကြောင့် ကျွန် မ အမြန်ပြင်ပေးဖို့ တစ်ယောက်ယောက်ကို ခေါ်ရတော့မှာ...လူကြီးမင်းဟန် စိတ်မပူပါနဲ့....ကျွန်မချက်ချင်းပြင်ပေးမယ့်လူကို ရှာလိုက်မယ်"

    သူမက ဖုန်းကို စားပွဲပေါ်တင်ပြီး အော်လေသည်။

"ရှောင်ကျဲရေ ရှောင်ကျဲ ဒီဖုန်းစုတ်က ပျက်သွားပြန်ပြီ--"

ဖုန်းတစ်ဖက်မှ ၀န်ကြီးကျန်း : "... ... "

ကျောက်အန်းဖျင်က ဝန်ကြီးကျန်းကို မျှော်လင့်တကြီးကြည့်ကာ "ဘယ်လိုလဲ ဝန်ကြီး ကျန်း... သူသဘောတူလား"

    ဝန်ကြီးကျန်းက သံသယဖြစ်နေသည့် အမူအရာနှင့် ဖုန်းချလိုက်သော်လည်း ဘာမှဖြစ်မနေပေ။

    "ဖုန်းခေါ်လို့ မရဘူး... မင်းဘာလို့ လူကိုယ်တိုင် မသွားတာလဲ...တွေ့ပြီးစကားပြောမကြည့်ရင် ရင်နှီးမှာ မဟုတ်ဘူးလေ... မင်းရောက်လာတာနဲ့ ကွဲပြားသွားလိမ့်မယ် "

ဝန်ကြီးကျန်းက ကျောက်အန်းဖျင်ကို ပြောလိုက်သည်။

ကျောက်အန်းဖျင်က ပြော၏။   

"ဝန်ကြီးကျန်း... ကျန့်ကျန့်ကို ခရိုင်ကို ပြန်ခေါ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ညီလေးကို ကွန်မြူနတီကို ပြန်ပို့လိုက်တာ... ကျန့်ကျန့်ကို ဘာလို့ ပြန်မပို့တာလဲ"

   ဤသိုပြော၍ တကယ်ကို မရပါချေ။ ဤနေရာ၌ တိကျသေချာသည့် စည်းမျဥ်းတွေရှိမနေပါဘဲ ဒေသဆိုင်ရာလုပ်ထုံးများနှင့် ဒေသ၏ပုံစံပေါ်မူတည်ပေသည်။

    ခိုးခြင်းအမှုမှာ အခြေခံအားဖြင့် ပြည်တွင်းမှာ အပြစ်ပေးခံရ၏။နိုင်ငံခြားသားတစ်ယောက်က ပြည်တွင်းမှာ ခိုးသည်ကို ဖမ်းမိပါက  ဒေသခံ ပြည်သူ့စစ်တွေက ကိုင်တွယ်ဖြေရှင်းပေးမှာ ဖြစ်လေသည်။ တခြားနေရာတွေကို ပြန်ပို့သည်က ခဲတောင့်ခဲယှဥ်းပင်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Aug 21, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ