Ep-1(uni)

59.4K 1K 42
                                    

(ငါ့ရဲ့ရှင်သန်ခြင်းထာဝရဆိုတာ
သူရခန့်ဗိုလ်ဆိုတဲ့ ကလေးငယ်အတွက်
သီးသန့်သာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်ရှိ
ကြယ်ငါးပွင့်hotelမှာ ပြုလုပ်သည့်
အာဆီယံစီးပွား ဖွံ့ဖြိုးတိုးတတ်ရေးဆိုင်ရာ
အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့
စီးပွားရေးကိုယ်စားလှယ်အဖြစ်
ထွဋ်ပိုင်ဦး ရောက်ရှိနေရသည်။

အာဆီယံနိုင်ငံတိုင်းရဲ့ စီးပွားရေးထုတ်ကုန်
သွင်းကုန်အကျိုးကိုအဓိကဆွေးနွေးခဲ့ပြီး
နိုင်ငံအသီးသီးရဲ့ပြည်တွင်းထုတ်ကုန်
ပစ္စည်းတွေကို မိတ်ဆက်ခဲ့ကြသည်။

အချိန်ငါးနာရီခန့်လောက်ကြာမြင့်ခဲ့ချိန်မှာတော့အစည်းအဝေးပိတ်ခဲ့လေ၏။
ညကြ ဒင်နာပွဲကျင်းပမှာဖြစ်ပြီး
အာဆီယံစီးပွားရေးကိုယ်စားလှယ်များ
အသီးသီးနှုတ်ဆက်ကာ မိမိတို့
တည်းခိုမည့် အခန်းသို့ပြန်ခဲ့ကြသည်။

ပင်ပန်းတယ်လို့တော့မဟုတ် တည်းရမည့်
အခန်းရောက်သည်နှင့် ထွဋ်ပိုင်ဦးသည်
ဝတ်ထားသည့်ဝတ်စုံကိုချွတ်၍
ပေါ့ပါးမည်းပုဆိုးနဲ့ရှပ်အကျီလဲလိုက်သည်။

အဖော်ခေါ်လာသည့်
မောင်သိန်းက အနားရောက်လာ၍

"အကိုကြီး"

"ဘာအကြောင်းထူးလဲ"

"အစ်ကိုလေးဆီ ဦးသူရသွားတယ်လို့
ဖုန်းဆက်လာတယ်"

"!ဘာ"

"ဆရာဦးသူရ ဒေါသထွက်နေတယ်လို့
ပြောတယ်  အစ်ကိုလေး ပြဿနာရှာ
ထားတာလားမသိဘူးလို့
အကြောင်းကြားလာပါတယ်"

"ငါ ပြန်မှဖြစ်မယ် ပြန်ဖို့စီစဥ်ထားလိုက်တော့"

"ညပွဲအတွက်"

"ဖျက်လိုက် ငါ့ ကလေးငယ် အတွက်
ကျန်တဲ့ ဘယ်အရာမှအရေးမကြီးဘူး
ခုချိန်လောက်ဆို ငါ့ကိုရှာနေလောက်ပြီ"

"ကောင်းပါပြီ"

ထွဋ်ပိုင်ဦး မြန်မာပြည်အရေးတကြီး
ပြန်တော့မည်ဆိုတာ ကိုယ်စားလှယ်တွေဆီ
မေးလ် ပို့ခဲ့လိုက်သည်။
မြန်မာပြည်ပြန်ဖို့ နေ့တစ်ဝက်လောက်
အချိန်ပေးခဲ့ရပြီး စောင့်ဆိုင်းနေချိန်အတောအတွင်း စိတ်က ကလေးငယ်ဆီ
သို့သာရောက်နေမိသည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now