~ ဟိုး ကောင်းကင်ယံမှာရှိတဲ့ ဖိုးလမင်းကြီးဆီ
ဘယ်လောက်ဝေးဝေး သွားရင် ရနိုင်တယ်လို့ ကလေးဘဝကတွေးမိတဲ့အတွေးဟာ
မဖြစ်နိုင်မှန်း သိခဲ့ရတဲ့နောက်
ကမ္ဘာမြေကနေ .....လဆီကို သွားဖို့
ဝေးကွာလွန်းတာ လက်ခံလိုက်ရတယ်
မင်းနဲ့ ငါ့လိုပဲ ဒီအကွာဝေးလောက်ဆို
မင်းဆီ အရောက်လာဖို့ နီးလောက်တယ်ဆိုတဲ့အတွေး ရင်ဝယ်ပိုက်ပြီး လာခဲ့ပေမယ့်
ပြန်ဆုံနိုင်ဖို့ စည်းတွေ တားထားခဲ့ပြီ ......
ငါတို့နှစ်ယောက်ကို ဝေးကွာစေတဲ့ ကံကြမ္မာကို စိတ်ကုန်လိုက်တာ ~တိုင်းထက်လွန်သည် နာကျည်းစိတ် ခံပြင်းစိတ် ဒေါသစိတ်တွေကြောင့် အတိတ်မေ့နေတဲ့
လူတစ်ယောက်ကို
လက်ထပ်ရဲတဲ့ လူကြီးကို အပေါ်စီးကနေ
ခွလျှက် မျက်နှာကို တည်ထိုးမိနေတာ
ဘယ်နှစ်ချက်မှန်း မသိတော့.....ရုတ်တရက် ထိုးကိုက်လာသည့် ခေါင်းထဲက
ဝေဒနါကြောင့်
ခေါင်းကို ဖိထားလျှက် အမှောင်တောထဲ နစ်ဝင်သွားရသည်။"! မဟူရာ....မဟူရာ "
ဦးသူရသည် စုတ်ပျက်သပ်နေသည့်
ကိုယ့်မျက်နှာကို ဂရုမစိုက်နိုင်
ခေါင်းကို ဖိရင်း ကိုယ့်ပေါ် ပြိုလဲလာသည့်
မဟူရာ့ကို ထိမ်းပွေ့ရင်း မဟူရာ့ မျက်နှာကို အသာပုတ်ကာ ခေါ်နေမိသည်။
မဟူရာ သတိမေ့သွားတာ.....*ဦး ဘယ်လို လုပ်ပေးရမလဲကွာ
အတိတ်ကို ပြန်သတိရတာ လက်ရှိအခြေနေကို
လုံးဝမေ့ပြစ်လိုက်တာလား ဦးတို့နှစ်ယောက်ရဲ့
အချစ်တွေကို လွယ်လွယ်လေး မေ့ပြစ်လိုက်တာလား*သတိမေ့နေသည့် မဟူရာ့ကို ပွေ့ဖက်ထားရင်း
ယူကျုံးမရဖြစ်ကာ စကားတွေ ထပ်ခါ ထပ်ခါ ပြောရင်း ရှေ့ ဘယ်လိုဆက်ရမယ် တွေးပူလျှက်ရှိနေမိသည်။ သား သူရခန့်ဗိုလ် ပြောခဲ့တာ
မှန်ပါလား ဟု သတိရမိလိုက်သည်။******
နံနက်ခင်း နေရောင်ခြည် အလင်းဖြာလျှက်
အပြင်လောကကြီးက လှပလျှက်ရှိနေရသည်။မူးဝေသည့် ဝေဒနါကို ခံစားရကာ
လှုပ်လိုက်တိုင်း နာကျင်လွန်းတာမလို့
သူရခန့်ဗိုလ်သည် အိပ်ရာမထသေးပဲ
မှိန်းနေရသည်။
မနက်စောစောထ ဦးထွဋ် အိပ်ရာမနိုးခင်
မနက်စာပြင်ပေးမယ့် စိတ်ကူးက
အရာမရောက်ဖြစ်နေရသည်။
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)