EP_4 (zg)

2.1K 26 0
                                    

အိမ်ကိုပြန်သည့် လမ်းတလျှောက်လုံး
ကားပြတင်းပေါက်ကနေ အပြင်
ကိုသာငေးကြည့်နေသည့် ကလေးငယ်ရဲ့မျက်နှာကိုတိတ်တဆိတ်သာ ဘေးကနေကြည့်နေမိသည်။ကလေးငယ်ရဲ့မျက်ဝန်းအစုံကဝမ်းနည်းမှု့တွေပြည့်နှက်လျှက်......

ဆယ်ကျော်သက်အရွယ်မှာ ကလေးငယ်ရဲ့
အချစ်နဲ့ပတ်သက်ပြီး ဘာတွေဘယ်လိုဖြစ်ခဲ့တာလည်းဆိုတာသိချင်မိသည်။
စုံစမ်းရင် အချိန်ကြာမြင့်နေပြီဆိုတော့ရမှာမဟုတ်ပေ။ အနုပညာလမ်းကြောင်းပေါ် ဟန်မပျက် လျှောက်လမ်းခဲ့သည့်ကလေးငယ်ဟာ လူသူမသိဘဲ နာကျင်စရာအတိတ်တွေရှိနေလိမ့်မယ်ဆိုတာကို
ထွဋ်ပိုင်ဦး ခံစားမိသည်။

အိမ်ပြန်ရောက်တော့လည်း ဘယ်သူ့ကိုမှစကားမပြော ညစာပင်မစားဘဲ
အိမ်ပေါ်တတ်သွားသည်။
စိတ်ချမ်းသာအောင်လွှတ်ပေးထားချင်
ပေမဲ့ ပင်ပန်းထားတဲ့ကလေးငယ်ကို
ညစာ စားစေချင်သည်။

ထို့ကြောင့် ကိုယ့်ကို ကြိုက်သလိုလုပ်ပါစေတော့ ကလေးငယ်စိတ်ဆိုးလည်းမတတ်နိုင်ဟု သဘောပိုက်လျှက်
ကလေးငယ်ရဲ့အခန်းတံခါးကိုခေါက်လိုက်သည်။

ဖေဖေ အိမ်ကိုလာသောင်းကျန်းသွားသည့်ကိစ္စက သဘောသူထားသည့် မိန်းကလေးနဲ့ ကိုယ့်ကိုစေ့စပ်ကြောင်းလမ်းပေးဖို့။
အကြောင်းအမျိုးမျိုးကြောင့်
ခေတ္တဝေးနေရသည့် ငယ်ချစ်ဦး
တိုင်းထက်လွန်ကိုသာ သူရခန့်ဗိုလ်ရဲ့စိတ်ထဲရှိသည်။ဖေဖေ့ကိုကြောက်ပေမဲ့
အနုပညာအလုပ်ကိုရပ်ဆိုင်းဖို့ရယ်
ဖေဖေသဘောတူသည့် မိန်းကလေးပိုလက်ထပ်ဖို့ ခေါင်းညိမ့်လိုက်လို့မရပါ။

ဖေဖေ့ရဲ့သဘောကို ငြင်းဆိုမိတော့ထုံးစံအတိုင်းရိုက်ခံရတာလေ။
ဖေဖေ ဘယ်လောက်ထိစိတ်တိုလည်းဆိုတော့ ငယ်ချစ်ဦးကိုခုချိန်ထိမမေ့ရကောင်းလားဆိုပြီး ကိုယ့်ခေါင်းကိုကိုင်ပြီး
ခုံစောင်းနဲ့ရိုက်သေးတာ။

ခေါင်းကြောမာတဲ့ကောင်ဆိုတော့
မဖြုံမိ......ဖေဖေ့ကိုသာ စေ့စပ်ပွဲလုံးဝလက်မခံနိုင်ဘူးငြင်းခဲ့သည်။ဖေဖေပြန်သွားပြီးတဲ့နောက်ပိုင်းအထိ
နေရာမှာပင် မတုန်မလှုပ်ထိုင်နေမိတာ
ဦးထွဋ်ပြန်လာတဲ့အချိန်ထိပင်။
တစ်ချိန်လုံး မြိုသိမ့်ခဲ့ရသည့်
ငယ်ချစ်ဦးကို သတိရမိတဲ့စိတ်
ဖေဖေ့စီစဉ်မှု့ကို မကျေနပ်သိစိတ်မှန်သမျှ
ဦးထွဋ် အပေါ်ပုံချမိခဲ့သည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now