ညသန်းခေါင်ယံ အချိန်မှာစိတ်အခြေအနေ မတင်မကျ ဖြစ်နေရင်း.....
အိပ်မပျော်တော့တာမလို့ သူရခန့်ဗိုလ်သည်
အိပ်နေရာမှ ထကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။စိတ်ကိုလန်းသွားအောင် မျက်နှာသစ်ကြည့်ပေမဲ့ ထူးမလာ.....လုပ်ချင်တာ လုပ်ခွင့်ရဖို့ ဖေဖေ့ဆီကနေထွက်ပြီး
အိမ်ခွဲနေခဲ့တာ.....ခုရော ဘာလုပ်ခွင့်ရလဲ
ကိုယ့်ကို နားလည်ပေးနိုင်မယ်လို့ ထင်ခဲ့မိတဲ့
ဦးထွဋ်ကရော နားလည်မပေးဘူး.....လန်းမလာတဲ့စိတ်ကြောင့် ရေချိုးခန်းထဲကနေထွက်ခဲ့ပြီး အရင်ဆုံး ကလေးလေးရဲ့အခြေနေကို ကြည့်လိုက်သည်။ရှူ ရှူးပေါက်ထား
မထားကိုပေါ့ ကလေးလေးကတော့ အပူအပင်
ကင်းမဲ့စွာ အိပ်ပျော်နေလေရဲ့.....
ဦးထွဋ်ရောဘဲ ကိုယ်ကသာ အိပ်မပျော် ဖြစ်နေမိတာ။အဲ့......အဲ့.....
ကလေးလေး ရှူးပေါက်ထားတာ ဒိုက်ဘာကနေတဆင့် စမ်းမိတာကြောင့် လဲပေးရန် အချွတ်
တအဲ့အဲ့ အော်ကာ အိပ်ရာနိုးသွားတာဆိုတော့
ဒိုက်ဘာအသစ်လဲပေး ဘေဘီပေါင်ဒါလူးပေးပြီးမှ ပွေ့ချီလိုက်သည်။နို့ဘူး ဖျော်ထားတာ မရှိ
ကလေးလေးကို ပွေ့ချီထားရင်း နို့ဘူးဖျော်ဖို့
ပြင်ရသည်။ကလေးတစ်ယောက်ရဲ့ ဝေယျာဝစ္စက ဘာခက်လို့လဲ....ကိုယ်ဝန်ဆောင်တာကရော ဘာခက်လို့လဲ အန္တရာယ်များတဲ့ကိစ္စဆိုရင်
အကုန်လုံးက ဝိုင်း ဂရုစိုက်ပေးရနေတာကိုလို့
တွေးမိရင်း ခွင့်မပြုသည့် ဖေဖေနဲ့ ဦးထွဋ်ကို စိတ်ခုမိသည်။ကလေးလေးကို ချီထားရင်း နို့ဘူး ရအောင်ဖျော်လိုက်ပြီး အအေးခံထားကာ
ကလေးလေးကို ချီရင်း အခန်းထဲ လမ်းလျှောက်ပေးနေလိုက်သည်။
ကလေးလေးက တော်တော် အနေအေးသည့်အထဲပါသည်.....ငိုတာကို မတွေ့ရဘူး။
ကိုယ့်ကြောင့် မိခင်မဲ့သွားရသည့် ကလေးလေးကို အများကြီး ချစ်ပေးဖို့သာတွေးထားသည်။ကိုယ်ကိုယ်တိုင် မွေးဖြစ်ခဲ့ရင်တောင်
ဒီ ကလေးလေးကိုသာ အများကြီး ချစ်ပေးမှာလို့ ဆုံးဖြတ်ထားသည်။အအေးခံထားသည့် နို့ဘူး အေးပြီဆိုမှ
ကုတင်ပေါ် ထိုင်ကာ
ကလေးလေးကို ပွေ့ထားရင်း နို့ဘူးတိုက်ရသည်။
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)