~အရုဏ်ဦးအချိန်ကနေ
ညည့်သန်းခေါင်းယံအချိန်ထိ
ခင်ဗျားအပေါ်ထားတဲ့ မလျော့သော
ချစ်ခြင်းမေတ္တာသည်
ကျွန်တော့်ရဲ့သစ္စာစောင့်စည်းခြင်းကြောင့်
ရာစုနှစ်တိုင်အောင်တည်မြဲစေသော်~"ဦးထွဋ် ဘယ်မှာလဲ"
"အကိုကြီး အပြင်သွားပါတယ် အကိုလေး"
" ကျွန်တော် ပြန်ရောက်နေပြီဆိုတာ
အကြောင်းကြားပေးပါ""ဟုတ်ကဲ့ အစ်ကိုလေး "
"ရုန်ရုန်းလေးရော"
"ကိုစက် ထိန်းနေပါတယ်
ခေါ်ပေးရမလား အစ်ကိုလေး""နေပါစေ "
"ဟုတ်ကဲ့ အစ်ကိုလေး"
စိတ်ကို အေးချမ်းစေဖို့ သူရခန့်ဗိုလ်သည်
ပန်းခြံဆီသို့ သွားလိုက်သည်။
ဦးထွဋ်တို့အိမ်က ပျိုးထောင်ထားသည့်
ပန်းပင်တွေကြားမှာ သူရခန့်ဗိုလ် စိုက်ပျိုး
ထားသည့်နှင်းဆီစိမ်း အပင်တွေက ထူးခြားစွာ လှပနေလျှက်ရှိသည်။အသက်ရှည်ချင်ရင် အပင်စိုက်ပါတဲ့
ယောကျာ်းလေးတန်မဲ့ နှင်းဆီပန်းကို
အကြိုက်ဆုံး မြတ်နိုးဆုံး ဖြစ်နေရတာ
မေမေ့ကြောင့်လို့ပြောရမည်။
မေမေ့ရဲ့အနားကပ်လွန်းတဲ့ သားဆိုတော့
မေမေမြတ်နိုးတဲ့ နှင်းဆီးပန်တွေကို ထပ်တူမြတ်နိုးမိတာလေ။မြတ်နိုးစွာ နှင်းဆီစိမ်း ပန်းခိုင်လေးကို
ဆွဲယူပြီးနမ်းရှိုက်လိုက်သည့် အခိုက်တန့်
သူရခန့်ဗိုလ်ရဲ့ စိတ်အစဥ်ဟာ အေးချမ်းသွားရသည်။နှင်းဆီပန်းတွေကို ခူးယူရတာထက်
အပင်မှာ လှလှပပလေး ပွင့်နေတာကို
သဘောကျသည်။ပွင့်လျှက်အတိုင်း အပင်ပေါ်မှာလှစေသည် ဘယ်တော့မှမခူးဘူး။"ဗိုလ်"
သူရန်ခန့်ဗိုလ်ရဲ့ နောက်ကနေ သိုင်းဖက်လာသည့်
ဦးထွဋ် ကြောင့် ပို၍ပင် နွေးထွေးသွားမိသည်။
ဒီလူကြီးကို လွမ်းနေခဲ့တာ...."ဦးထွဋ် နောက် လိုက်ခဲ့ "
ဦးထွဋ် ဆွဲခေါ်တဲ့နောက် လက်ဆွဲလိုက်ရင်း
ဟိုကိစ္စကို ဘယ်လိုအသိပေးရမလဲ
တွေးနေလိုက်သည်။ဇာတ်ကားတွေထဲကလိုမင်းသမီးက မင်းသားရဲ့နား နားတိုးတိုးကပ်ကာ
ပရိတ်သတ်မကြားသည့် အသံဖြင့် ပြောကာ အသိပေးရမည်လား။
ဒါမှမဟုတ် ဦးထွဋ် ကျွန်တော့်မှာ ကလေးရှိနေပြီလို့ ရုတ်တရက် ထပြောလိုက်ရမည်လား။
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)