Ep_34 (uni)

4.9K 173 8
                                    

~အမုန်းတွေနဲ့ရှင်သန်ရသည့် လူတစ်ယောက်က
အမြဲရန်လိုတတ်တယ်တဲ့~

"ကလေးလေး ဘာတွေဂျီကျနေတာလဲ"

ထွဋ်ပိုင်ဦးသည် နေ့လည်ခင်းအချိန်
နေ့လည်စာ စားဖို့ မီးဖိုခန်းထဲဝင်ခဲ့လိုက်သည်။ ထမင်းစားစားပွဲပေါ် လက်နှစ်ဖက်တင်ပြီး
ဟင်းချက်နေတဲ့ အမကို ကြည့်ကာ စကားပြောနေသည့် သူရခန့်ဗိုလ်ကိုမေးရင်း
အနားသွားလိုက်သည်။

"အန်တီက ငါးကြော်ပေးနေလို့ စောင့်နေတာ
ဗိုက်ဆာနေလို့ ရမရမေးနေတာပါ ဦးထွဋ်"

"ငါးကြော် အစ်မ ငါးဝယ်ခဲ့တာလား ဒီနေ့"

"ဟုတ်တယ်ကိုထွဋ် မနက်စျေးမသွားခင်
မောင်လေးဗိုလ်က ဝယ်ခဲ့ပေးပါပြောလို့"

"ကောင်းတယ် အစ်မ....... ဗိုလ်က ငါးမစားဘူးဆိုပေမဲ့ ကြော်တဲ့ ငါး စားလို့တော်သေးတာ"

"မှော်စော်မနံလို့စားရတာနေမှာ ကိုထွဋ်
အစ်မ လတ်တာရွေးဝယ်ခဲ့ပေးတာ"

"မင်္ဂလာပါ အကိုကြီး..... မင်္ဂလာပါ အကိုလေး"

စက်သီဟက ဝင်လာပြီး မနက်စာစားဖို့
ခုံမှာဝင်ထိုင်ရင်းနှုတ်ဆက်လာသည်။
စက်သီဟပုံစံက လန်းဆန်းနေသည့်
ပုံစံဆိုတော့ ကျန်းမာရေးအခြေနေကောင်းလာပြီဟု ထွဋ်ပိုင်ဦး သက်မှတ်လိုက်သည်။

"ဦးဓနဒွန်းရော စက်သီဟ"

"အခန်းထဲမှာ"

"ထမင်းစားရအောင်ခေါ်လိုက်လေ
နေ့လည်ရောက်နေပြီပဲ"

"ကျွန်တော်သူ့ကို ဖမ်းထားတာအကိုကြီး"

"!ဘယ်လို စက်သီဟ"

"အစ်မ ထမင်းတစ်ပွဲပြင်ပြီး
ဗန်းတစ်ခုထဲထည့်ပေးပါ"

"ခဏနော် မောင်လေးစက်"

"ကျွန်တော် စားပြီးမှ ပြင်ပေး အစ်မ"

"စက်သီဟ"

"ဟုတ်ကဲ့ အကိုကြီး"

"မင်း ဘာတွေလုပ်နေတာလဲ"

"ကျွန်တော့်ကို လွှတ်ထားပေးပါအကိုကြီး
ကျွန်တော်နာကျင်ခဲ့ရတာတွေအတွက်
ဦးဓနဒွန်းဆီကပြန်ယူမလို့"

"ဒွန်းဂိုဏ်းနဲ့ပြေလည်မှု့ယူထားတာ
မနေ့ကစက်သီဟ ......ဒွန်းဂိုဏ်းကငြိမ်ခံနေမယ်ထင်လား"

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now