EP_6 (uni)

6K 257 29
                                    

(ငါ့ရဲ့ရှင်သန်ခြင်းအဓိပ္ပါယ်ဟာ
မင်းလို့ ငါပြောရင် ယုံပေးနိုင်မလား)

ရန်ကုန်ကနေ မန္တလေးကိုသွားတဲ့ခရီးမှာ
ဦထွဋ်တစ်ယောက်တည်း ကားမောင်းခဲ့သည်။ပင်ပန်းမှာဆိုးလို့ ကူမောင်းပေးမယ်လို့
ပြောခဲ့ပေမဲ့ ဦးထွဋ်ကလက်မခံပါ။

ဖေဖေ့မင်္ဂလာပွဲက အချိန်လိုသေးတာဆိုတော့
ကိုယ့်ကို အိမ်မှာအနားယူဖို့
ဦးထွဋ်ကပြောလာသည်။

"ဗိုလ်.....ဗိုလ့်အိမ်ကိုသွားနားမလား"

"ဟုတ် ဦးထွဋ်"

သူရခန့်ဗိုလ် စိတ်တိုင်းကျ ဆောက်ထား
သည့်အိမ်ဆိုတော့ ဘယ်နေရာမှာနေရနေရ
ဒီအိမ်လေးကို လွမ်းမိသည်။
အိမ်ပြန်ရောက်သည်နှင့် လန်းသွားအောင်
ရေချိုးလိုက်ပြီး တစ်လမ်းလုံး အိပ်လာတာ
ဆိုတော့ အိပ်ချင်တဲ့စိတ် မရှိပေ။
ဦးထွဋ်က အိပ်မှာသေချာသည်။
လူက လန်းဆန်းနေတာဆိုတော့
ဖေဖေ့မင်္ဂလာပွဲကိုမသွားခင် ဖေဖေရဲ့
အမျိုးသားက မည်သူဖြစ်မည်လည်း
သိချင်မိသွားသည်။

သူရခန့်ဗိုလ် မသိအောင်
ဖေဖေ ယူမည့်လူနှင့် ဖေဖေ ဘယ်လိုတွေ့ဆုံ
ခဲ့တာလဲ သိချင်မိသည်။
ကိုယ့်အဖေအ​ကြောင်းကိုယ်သာသိသည်။ယောကျာ်းခြင်းစိတ်ဝင်စားတဲ့လူမဟုတ်ဘူး
ဆိုတာရယ် မေမေကလွဲပြီး
ရှုပ်တာပွေတာမရှိဘူးဆိုတာရယ် သိနေတာဆိုတော့ ဘယ်လိုလူကိုများ
ဖေဖေ့ ဘောင်အတွင်းဝင်လာတာလဲ
ဖေဖေ အမှန်တကယ်သဘောကျတဲ့သူ
ဟုတ်ပါ့မလား တွေးမိသည်။

အသက်ကြီးတဲ့လူဆိုတာ တစ်ယောက်တည်း
နေရရင်အထီးကျန်ကြမှန်း သူရခန့်ဗိုလ်
သိသည်။
သားဖြစ်သူကအိမ်ခွဲနေတာဆိုတော့
ဖေဖေ့ရဲ့အထီးကျန်မှု့ကို ခုယူမည့်ယောကျာ်းနဲ့အစားထိုးလိုက်ပုံရသည်။

ဖေဖေ့အကြောင်းတွေးရင်း ဦးထွဋ်ကရော
ကိုယ့်ကိုချစ်ပါတယ်ပြောခဲ့တာ
သူ့ရဲ့အထီးကျန်မှု့ကို ကုစားဖို့များလား
တွေးမိပြန်သည်။ဦးထွဋ်မှာရော
အိမ်ထောင်ရှိခဲ့လား သားသမီးတွေရော....

ပထမဆုံး ဦးထွဋ်ရဲ့ဘဝကိုတွေးမိခြင်းဖြစ်သည်။ဖေဖေနဲ့ဦးထွဋ်က
သူတို့ရဲ့အထီးကျန်မှု့ကို ဒါနဲ့ဖြေဖျောက်တာလားဟု ကြံဖန်တွေးမိတော့
သူရခန့်ဗိုလ် ပြုံးမိသွားသည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now