EP_5 (uni)

6.6K 291 37
                                    

"သူဌေးရှိလားဗျ"

သူရခန့်ဗိုလ်သည် စာချုပ်သက်တမ်းတိုးဖို့အတွက် ကုပ္မဏီသို့ရောက်ရှိနေခြင်းဖြစ်သည်။

သူဌေးရဲ့မန်နေဂျာဖြစ်သူကို သူဌေးရှိမရှိမေးပြီး ရှိတယ်ခေါင်းညိမ့်ပြမှအခန်းတံခါးခေါက်လိုက်သည်။

"ဝင်ခဲ့"

ရင်းနှီးတဲ့အသံဖြစ်လို့ သူဌေးရဲ့ရုံးခန်း တံခါးမဖွင့်ခင် သူရခန့်ဗိုလ် မျက်မှောင်ကျုံ့သွားမိသည်။
ရုံးခန်းထဲဝင်မိတော့ မြင်လိုက်ရတဲ့လူကြောင့်ပိုပြီးမျက်နှာကြောတင်းမိသွားသည်။

"ဦးထွဋ်"

"ရောက်လာပြီလား"

သူရခန့်ဗိုလ် ဒီကုပ္မဏီမှာ မင်းသားအဖြစ်လာလျှောက်စဥ်က ဒီကုပ္မဏီရဲ့သူဌေးက
သေချာပေါက် ဦးထွဋ်မဟုတ်ပါ။
ဦးထွဋ်ကိုမြင်နေကြ ကိုယ့်ရဲ့မန်နေဂျာပုံစံမဟုတ်ဘဲ တကယ်ကိုသူဌေးပုံစံအတိုင်း
ခန့်ခန့်ညားတဲ့အသွင်ဖြင့်တွေ့လိုက်ရသည်။

"ထိုင် ဗိုလ်ဗိုလ်"

"ဟက်.....ခင်ဗျားက ကျုပ်ကိုထိုင်ဖို့အမိန့်ပေးတယ်"

ထွဋ်ပိုင်ဦးကို ကလေးငယ်ရဲ့
ကုပ္မဏီCEOအဖြစ် ကလေးငယ်တွေ့ရရင်ဘယ်လိုသဘောထားမလည်းသိချင်ဆုံးမေးခွန်းဖြစ်သည်။
ကလေးငယ်ရဲ့မာနကိုရိုက်ချိုးသလိုခံစားရစေမှာသေချာနေသလို။ ကလေးငယ်ရဲ့အနား....လူလိမ်အဖြစ်ရောက်ဖူးတာကို
ဒေါသထွက်နေမယ်ဆိုတာမေးမကြည့်ဘဲ
ကလေးငယ်ရဲ့ပုံစံကသက်သေပြလိုနေ၏။

"ထိုင်ပါဦးကွာ"

"အစက စာချုပ်သက်တမ်းတိုးဖို့လာညှိတာ ခင်ဗျားကိုတွေ့ရတော့
ကျုပ် အရူးလုပ်ခံရတာ....ဟား....
စာချုပ်သက်တမ်းပြည့်သွားပြီမလို့
ဒီကုပ္မဏီနဲ့လက်တွဲစရာ
ဘာစောက်ကြောင်းမှမရှိဘူး"

ကလေးငယ်ရဲ့ပင့်သက်ရှိုက်သံ
ဆံပင်ကိုလက်နဲ့ဖွဟန်က ထွဋ်ပိုင်ဦး
အမြင်မှာ ကဗျာမမှီစာဖွဲ့မရလောက်အောင် မိမိုက်လွန်း​နေသည်။
ဒေါသအိုးလေးက တအားတော့စိတ်မတိုသေး....သူ့ဒေါသကိုအတတ်နိုင်ဆုံးထိမ်းထားပုံရ၏။

"ကိုယ့်ကို ဒီကုပ္မဏီရဲ့သူဌေးလို့ထင်နေတာလား"

"CEO ရုံးခန်းအတွင်း CEOနေရာမှာထိုင်နေတာ ခင်ဗျားကသူဌေးမဟုတ်လို့
သူဌေးခိုင်းဘက်လား"

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now