EP_15 (uni)

6.2K 217 35
                                    

~ တူနှစ်ကိုယ် တဲအိုပျက်မှာ နေနေ
ရွှေဘုံပေါ် ရောက်သော်လည်း.......
ချစ်မလျှော့တဲ့ မောင်နဲ့မေ....
နှောင်ကြိုးခင်တွယ်~

သီချင်းလေး ညည်းရင်း နှင်းဆီပန်းအိုးတွေထဲ
မြေသြဇာထည့်နေသည့် မေမေရဲ့အနား
သူရခန့်ဗိုလ် သွားလိုက်သည်။

"မေမေ"

"သားဗိုလ်ဗိုလ် ဘာလာလုပ်တာလဲ"

"မေမေကလဲ ဘယ်လိုကြီးမေးလိုက်တာလဲ"

"လာ သား အိမ်ထဲဝင်ရအောင်"

မေမေက နှင်းဆီ ပန်းအိုးတွေထဲ မြေဆွေးတွေထည့်နေရာမှ ရပ်ကာ မတ်တပ်ရပ်လျှက်
ကိုယ့်ကို လက်ဆွဲခေါ်ကာ အိမ်ထဲဝင်လေသည်။

ဧည့်ခန်းမှာ ဆိုဖာပေါ် သားအမိနှစ်ယောက်
မျက်နှာခြင်းဆိုင်ထိုင်စေကာ ကိုယ့်ကို တစိမ့်စိမ့်ကြည့်နေတဲ့ မေမေ့မျက်နှာကို မေမေ့နည်းတူ ပြန်ကြည့်မိသည်။

"သေချာနားထောင်နော် သားဗိုလ်ဗိုလ် "

"ဟုတ် မေမေ"

"မေမေ့ဆီ သားဗိုလ်ဗိုလ် လာဖို့မသင့်ဘူး
ပြန်သွားပါ"

"ဘာသဘောလဲ မေမေ"

"သား မမှတ်မိဘူးလားကွယ်.....
မေမေ သားဗိုလ်ဗိုလ် အနားရှိမပေးနိုင်တော့တာကြာပြီလေ"

မေမေ ဘာတွေပြောနေတယ်ဆိုတာ သိပ်ပြီး
နားမလည်ပါ။ မေမေက ဘာလို့ သူ့အနားမရှိရမှာလဲ မျက်နှာခြင်းဆိုင် ထိုင်နေကြတာကို.....

"သားဗိုလ်ဗိုလ် ပြန်တော့နော်"

"!သားကို နှင်မထုတ်ပါနဲ့နော် မေမေ
သားကို နှင်ထုတ်ကြတဲ့သူတွေထဲ မေမေရောဆို
သားမှာ သွားစရာ နေရာမရှိဘူး"

"မေမေ သားဗိုလ်ဗိုလ်ကို နှင်ထုတ်တာမဟုတ်ပါဘူးကွယ် မေမေ့အနား လာဖို့မသင့်ဘူးလေ
ပြန်သွားနော်"

"သားက ဘယ်ကိုသွားရမှာလဲ မေမေ
မေမေ့ကို ခုမှတွေ့ခွင့်ရတာဗျာ"

"သား ဘယ်ကနေလာတာလဲ ဆေးရုံကနေလာတာမလား"

"သားက ဆေးရုံကလာတာ ဟုတ်လား မေမေ"

အသည်းအသန် စဥ်စားကြည့်မိတော့
ခုဏတုန်းက အိမ်မှာ သတိလစ်သွားတာ
ပြန်သတိရမိသွားသည်။
မေမေနဲ့ပြောနေရင်းမှ လူ့လောကမှာ မေမေမရှိတော့တာရယ် ကိုယ့်ဘာလို့ မေမေ့ဆီ
ရောက်နေရတာရယ်ကို တွေးနေမိသည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now