Ep_30 (uni)

5.2K 196 12
                                    

ထွဋ်ပိုင်ဦး အိမ်ပြန်ရောက်သည်နှင့် ကလေးငယ်ရဲ့အရိပ်အယောင်ကိုမတွေ့လို့ နေရာအနှံ့လိုက်ရှာနေမိသည်။ဘယ်သူ့ကိုမှ မမေးမိ
ခါတိုင်း ဒီအချိန်ဆို အိမ်မှာရှိနေရမှာလေ။

ကလေးငယ်ဆီ ဖုန်းခေါ်ရင်း ပန်းခြံထဲရှိမလားအတွေးနဲ့ သွားကြည့်မိစဥ် ကျောပေးထားသည့်ကလေးငယ်ကို တွေ့လိုက်ရသည်။

"ဗိုလ်"

ကလေးငယ်ရဲ့အနားသွားကြည့်ရာ
သူမြတ်နိုးပါသည်ဆိုသော နှင်းဆီခိုင်ကို စုပ်ကိုင်ထားလျှက် တွေ့လိုက်ရသည်။စုပ်ကိုင်ထားသည့်
လက်ကြားကနေ သွေးများစီးကျနေတာကိုတွေ့ရသည်။

"ဘာဖြစ်ပြန်ပြီလဲ လက်လွှတ် ဆူးစူးနေပြီကွာ
မနာဘူးလား"

"နာတယ်"

ကလေးငယ်ရဲ့ လက်အပေါ်ကနေအုပ်ကိုင်ရင်း
ဖယ်မည့်အလုပ် ကလေးငယ်က ကိုယ့်ကိုမော့ကြည့်လာသည်။

"!ဗိုလ်"

ကြောက်စရာကောင်းလွန်တဲ့မျက်နှာ
ခက်ထန်လွန်းနေတာများ သွေးအေးအေးရက်စက်တတ်သည့် လူတစ်ယောက်မျက်နှာထားမျိုးဖြင့် ကိုယ့်ကို မော့ကြည့်လာပြီး
ရက်စက်သည့် မဲ့ပြုံး ပြုံးပြလာသည်။
တစ်ခါမှ ခုလိုမျက်နှာထားမျိုးမတွေ့ဘူးတာကြောင့် ထွဋ်ပိုင်ဦး ထိတ်လန့်သွားမိသည်။

တူ.....တူ......

ကလေးငယ် ဘာဖြစ်နေတာလဲ မေးမလို့ဟန်ပြင်စဥ် ဖုန်းဝင်လာတာကြောင့် ဖုန်းကိုင်လိုက်သည်။

"ကိုထွဋ်ပိုင်ဦး ကျွန်တော် ဂျာကြီးပါ"

"ဗိုလ့်ရဲ့ ဂျာကြီးမလား ပြောပါ"

"ကုပ္မဏီရှေ့မှာ ဗိုလ့်ကို ကားတစ်စီးက
ဖမ်းခေါ်သွားတာလို့ လုံခြုံရေးတွေပြောပြလို့
ကျွန်တော် စိတ်ပူနေတာ ဗိုလ့်ရဲ့ပစ္စည်းတွေ
ဒီတိုင်း ကျနေခဲ့တယ်"

"သူရခန့်ဗိုလ် အိမ်မှာရှိ"

ကလေးငယ် အိမ်မှာရှိကြောက့်ပြောရင်း
သတိရလို့ ကြည့်လိုက်ပေမယ့် အနားမှာကလေးငယ်ကို မတွေ့ရတော့ပါ။
ပတ်ဝန်းကျင်ကို ဝေ့ကာ ရှာကြည့်ပေမယ့်
ကလေးငယ်ရဲ့ အရိပ်အ​ယောင် လုံးဝမရှိ။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now