"!မဖြစ်နိုင်ဘူး ငါ လက်မခံဘူး"
"မင်းကလည်း"
တိုင်းထက်လွန်နဲ့တွေ့ဆုံကာ သူရခန့်ဗိုလ်ရဲ့ဆုံးဖြတ်ချက်ကို ပြောပြနေခြင်း ဖြစ်သည်။
ခါးခါးသီး ငြင်းဆန်လာသည့် တိုင်းထက်လွန်ကြောင့် သူရခန့်ဗိုလ် စိတ်ထဲ မအီမလည် ဖြစ်သွားမိသည်။ဖေဖေ့ကို ခွင့်တောင်းပြီးမှ
အေးဆေး စကားပြောလို့ရအောင် အိမ်ကနေ
ထွက်လာခဲ့ကြခြင်းဖြစ်သည်။
သူရခန့်ဗိုလ်က လူကြားထဲ သွားချင်တိုင်း
သွားလို့ရတဲ့သူမဟုတ်ဘူးဆိုတော့
အိမ်နဲ့ မလှမ်းမကမ်းရှိ လမ်းဘေးမှာ
ကားရပ်ထားရင်း တိုင်းထက်လွန် သဘောပေါက်အောင် သေချာရှင်းပြလိုက်သည်။လက်ခံမယ် ထင်ထားပေမဲ့ သကောင့်သားက
ငြင်းသည်လေ။"သူရခန့်ဗိုလ် မင်း ဘယ်လိုတွေ လျှောက်လုပ်ထားတာလဲကွာ.....ငါတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ရင် ဒီကိစ္စကြီး ခွင့်ပြုမယ်လို့ ထင်ထားတာလား ကျစ်....အန္တရာယ်များတာ "
"လာပြန်ပြီနောက်တစ်ယောက် "
"မင်းရဲ့ လူကြီး သိပြီးပြီမလား
လက်ခံလား သူရော ဘာပြောလဲ""သေချာပေါက် လက်မခံလို့ပေါ့
အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါနဲ့ အဲ့လူကြီးစကားမပြောတာ တစ်ပတ်လောက်ရှိပြီ""အကောင်အထည်မဖော်ရသေးတာတောင်မှ
စကားမပြောကြဘူး စိတ်ဆိုးနေကြတာမလား
မဖြစ်ပါဘူးကွာ ငါသာပေးလိုက်ရင်
မင်းတို့အိမ်ထောင်ရေးမှာ ပြောစရာကြီးဖြစ်နေမှာသေချာတယ်""မင်းနဲ့ငါ အတူနေစရာမလိုဘူးကွာ မင်းဆီကနေ
အရည်နည်းနည်းလေး ယူရုံဘဲ"ကိစ္စကြီးတစ်ခုကို အေးဆေး ပြောနေသည့်
သူရခန့်ဗိုလ်ကို ကြည့်ရင်း တိုင်းထက်လွန်
ကြောက်နေမိသည်။ကျောင်းသားဘဝတုန်းက
တကယ်ကို ချစ်စရာကောင်းတဲ့ ကောင်လေး
အေးဆေးတည်ငြိမ်လွန်းတဲ့ကောင်လေး
မတွေ့ဖြစ်တဲ့ နှစ်တွေမှာ ဘယ်အရာတွေက
သူရခန့်ဗိုလ်ကို အကြောက်အလန့်မရှိ
သွေးအေးသွားစေတာလည်း သိချင်မိသည်။"မဖြစ်နိုင်ဘူး သူရခန့်ဗိုလ်....မင်း အမျိုးသားအပေါ် ဘယ်တရားပါ့မလဲ
ငါသာ သူ့နေရာမှာဆို လုံးဝခွင့်မပြုဘူး "
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)