Ep_36 (zg)

1.4K 17 0
                                    

ညည့်အမှောင်ကို အံတုလျှက် အရိပ်တစ်ခုရဲ့လှုပ်ရှားနေမှု့က ရုတ်တရက်မြင်ရသူသာဆို
ကြောက်စိတ်ဝင်မိမှာအမှန်ပင်.....

တိုင်းထက်လွန်သည် မီးမဖွင့်ဘဲ
စမ်းတဝါးဝါး လမ်းလျှောက်ရင်း
အာခေါင်ခြောက်မှု့ ပြေပျောက်စေဖို့
ရေခဲသေတ္တာထဲရှိ ရေဘူးကို ယူပြီး
တရှိန်ထိုး မော့သောက်ကာ ရေဆာမှု့ကို
ဖြေဖျောက်ရသည်။

"အိပ်မပျော်ဘူးလား မဟူရာ"

ခေါ်သံနှင့်အတူ တိုင်းထက်လွန်ရဲ့
ခန္ဓာကိုယ်ကို နောက်ကနေ သိုင်းဖက်လာသည့်
ဦးရယ်လေ။
ပူတဲ့ရာသီဆိုတော့ အတွင်းခံလေးတစ်ထည်သာ ဝတ်ထားသည့်မလို့ မီးမဖွင့်ဘဲ ရေသောက်နေတုန်း နောက်ကနေဖက်ခံလိုက်ရခြင်းဖြစ်သည်။

ဦးသူရသည် အိပ်မပျော်သည့် ညတာအတွက်
ဆေးပြင်းလိပ်ဖွာရန် အခန်းထဲကထွက်ခဲ့လိုက်သည်။လှုပ်ရှားသံသဲ့သဲ့က မီဖိုခန်းထဲဆီကဆိုဆော့ ဘာလဲဆိုတာဝင်ကြည့်မိရာ
မဟူရာဖြစ်လို့နေသည်။

နောက်ကနေ သိုင်းဖက်မှ မဟူရာ အဝတ်မပါတာသတိထားမိသွားသည်။
နွေးထွေးတဲ့ ခန္ဓာကိုယ် အထိတွေ့ကြောင့်
စိတ်ထဲ လှိုင်းတစ်မျိုးဖြတ်ပြေးသွားရသည်။

"!ဦး လွှတ်"

"မဟူရာ ဦးရဲ့ အချစ်လေး"

မြိုသိမ့်ခဲ့ရသည့် အထီးကျန်ဆန်မှု့တွေ
စောင့်စည်းနေရသည့် ကျင့်ဝတ်တွေကို
ခုချိန်မှာ အောင့်အည်းမထားနိုင်တော့ပါ။
ကျောပေးထားသည့် မဟူရာ့ကို
ကိုယ်နဲ့မျက်နှာခြင်းဆိုင်ဖြစ်အောင် လှည့်ယူလိုက်သည်။

""ဦး ဘာလုပ်တာလဲဗျ"

"ဦးရဲ့စိတ်ကို ချုပ်တည်းဖို့ မဖြစ်နိုင်တော့ဘူး မဟူရာ ဦးကို ခွင့်ပြုပေး"

"!ဘာကိုခွင့်ပြုရမှာလဲ"

"မဟူရာ့ကို ချစ်ဖို့လေ"

ဦးက ကိုယ့်ကို လှိုက်မောဖွယ်ကောင်းသည့်
အနမ်းတွေပေးလာသည်။
ဦးရဲ့ ချိုမြိန်စွာပေးအပ်လာသည့် အနမ်းတွေအောက်မှာ တိုင်းထက်လွန် ငြင်းဆန်ခြင်းမပြုနိုင်တော့ပါ။စိမ်းသက်တယ်လို့ မခံစားရတာမလို့
ဦးကို ပြန်လည်သိုင်းဖက်ကာ တုန့်ပြန် အနမ်းပေးမိသည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now