EP_7 (uni)

6K 229 8
                                    

ထွဋ်ပိုင်ဦးသည် ဧည့်ခံပွဲရှိထိုင်ခုံအလွတ်တစ်ခုမှာဝင်ထိုင်ရင်း သူရလက်ဆွဲခေါ်သွားသည့်ကလေးငယ်ကိုသာ ကြည့်နေမိသည်။

ကလေးငယ်ကိုသာ အာရုံစိုက်ကြည့်နေမိလို့ သူရ သူနဲ့ယူမည့်အမျိုးသားကိုမိတ်ဆက်ပေးနေတုန်း ချာကနဲ့လှည့်ထွက်လာသည့်ကလေးငယ်ကြောင့် ထိုင်နေရာမှ
ရပ်ရင်း ကလေးငယ်အလာကိုစောင့်နေလိုက်သည်။

"! ဟေ့ကောင် သူရခန့်ဗိုလ်
ခုချက်ချင်း ရပ်စမ်း"

နောက်ကနေ ဖေဖေလိုက်လာမှန်းသိပေမဲ့
သူရခန့်ဗိုလ်ရဲ့ခြေလမ်းကိုမရပ်မိ။
ဖေဖေနဲ့ကိုယ့်ချစ်သူရဲ့မင်္ဂလာပွဲကို ဘယ်လိုအင်အားမျိုးနဲ့မှလက်ခံပေးနိုင်စွမ်းမရှိပါ။

"ဦးထွဋ်.....ပြန်မယ်"

ဒီကိုမောင်းလာသည့်ကားက ဦးထွဋ်ရဲ့ကားဆိုတော့ မတ်တပ်ရပ်စောင့်နေသည့်
ဦးထွဋ်ကို ပြန်ဖို့ပြောခဲ့လိုက်ပြီး
ဖေဖေ့ မင်္ဂလာပွဲကနေလွတ်အောင်
အမြန်ပင်ခန်းမထဲကနေထွက်ခဲ့လိုက်သည်။

ဦးထွဋ်က အလိုက်တသိ ကားတံခါးဖွင့်ပေးကာ သူပါဝင်ထိုင်လျှက် ခန်းမရှေ့ကနေမောင်းထွက်ပေးခဲ့သည်။

ကလေးငယ်ဘာဖြစ်လာတာလဲသိချင်ပေမဲ့မမေးမိ.....ဒီအတိုင်းလွှတ်ပေးထားတာအဆင်ပြေမည်ဟု တွေးမိသည်။
ဖအေဖြစ်သူယူမဲ့ယောကျာ်းကိုမြင်ပြီး
ကလေးငယ်ရဲ့အမေကိုများသတိရမိသွားတာလားမသိပေ။

အိမ်ပြန်ရောက်တော့ ဘာစကားမျှမဆိုဘဲ အခန်းထဲတန်းဝင်သွားသည့်ကလေးငယ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ထုတ်မိသည်။

အဆင်ပြေပါ့မလားတွေးပူမိတာမလို့
ကလေးငယ်ရဲ့အခန်းရှေ့ရပ်ကာ
တံခါးအရင်ခေါက်၍အသံပြုလိုက်သည်။
တုန့်ပြန်သံမကြားရ....တံခါးဖွင့်ကြည့်မိတော့ ပွင့်သွား၏။

"ဗိုလ်ဗိုလ်"

ကလေးငယ်က ကုတင်အစွန်းမှာမျက်နှာကိုလက်နဲ့အုပ်ထားကာ
ခေါင်းငိုက်စိုက်ထိုင်နေသည်ကိုတွေ့ရသည်။

"ဗိုလ်ဗိုလ်.....အဆင်ပြေရဲ့လား"

ကိုယ်မေးလိုက်တဲ့မေးခွန်းကြောင့်
ကလေးငယ်ကကိုယ့်ကိုမော့ကြည့်လာသည်။ကလေးငယ်ရဲ့မျက်ဝန်းမှာမျက်ရည်စတွေနဲ့.....

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now