EP_11(zg)

1.5K 25 0
                                    

တစ်နှစ်ကြာပြီးနောက်.......

သူရခန့်ဗိုလ်သည် အလုပ်တွေမအားလပ်
အချိန်လုနေရတဲ့ကြားထဲ ကိစ္စတစ်ခုကြောင့်
ဦးထွဋ်နဲ့တွေ့ဖို့ရာ ရှုတင်ဖြတ်ပြီ အိမ်ပြန်ခဲ့ရသည်။အိမ်ထဲဝင်ဝင်ခြင်း ဧည့်ခန်းမှာ
ဦးထွဋ်ကို လူတစ်ချို့နဲ့တွေ့လိုက်ရသည်။

"ဗိုလ်ဗိုလ်"

"ဦးထွဋ်နဲ့ စကားပြောရမှဖြစ်မယ်
ကျွန်တော့်အတွက်အချိန်ပေးနိုင်ရဲ့လား"

"ဆယ်မိနစ်လောက်ပဲ အခန်းထဲကနေစောင့်နေဗိုလ်ဗိုလ် ဦးထွဋ်ကို အချိန်ခဏလေးပေး"

"! ကျစ်....ခင်ဗျားကိုရော အဲ့လူတွေရော
ကျုပ်အိမ်ထဲကနေ ခုချက်ခြင်းထွက်သွား"

ဦးထွဋ်နဲ့စကားပြောရဖို့ မအားတဲ့ကြားက
အိမ်ပြန်လာခဲ့ရတာ ကိုယ့်ထပ်အရေးကြီးတဲ့ကိစ္စရှိနေရင် ကိုယ့်ရဲ့ချိန်းဆိုမှု့ကို ဘာလို့ လက်ခံသေးလဲ။
ဦးထွဋ်က တကယ်ပြောင်းလဲသွားခဲ့တာ.....

ဆက်ပြောရမဲ့စကား မရှိတော့တာမလို့
ဦးထွဋ် အပါအဝင် မြင်သမျှလူတွေအားလုံးကို နှင်ထုတ်ကာ အခန်းရှိရာ အပေါ်ထပ်သို့ တတ်ခဲ့လိုက်သည်။အခန်းထဲရောက်မှ
စိတ်ရှုပ်စွာ ဝတ်ထားတဲ့အကျီအဝတ်အစားတစ်ခုခြင်းဆီ ချွတ်ချခဲ့ပြီး ပင်ပန်းနွမ်းလျနေပြီမလို့
မွေ့ရာပေါ် မှောက်ခုံအနေအထားအတိုင်း
ပစ်လှဲလိုက်သည်။

ဦးထွဋ်နဲ့လက်ထပ်ပြီး ပရိတ်သတ်ထံ
ကိုယ်က ဘာဆိုတာချပြခဲ့ပေမဲ့
ကိုယ်ရဲ့ဖြစ်တည်မှု့ကို ပရိတ်သတ် အများစုကလက်ခံပေးခဲ့သည်။သူရခန့်ဗိုလ် လက်ခံထားသည့် ဒုတိယမိသားစုတွေပဲလေ။

လက်ခံပေးနိုင်ကြပါ့မလား မဝန့်ရဲတွေးမိ
ခဲ့ပေမဲ့ လက်တွေ့မှာ နွေးထွေးစွာ ကြိုဆိုခဲ့ကြ၏။

သရုပ်ဆောင်တသ်ယောက်အဖြစ်ကနေ ရပ်တန့်သွားဖို့အချိန်တန်ပြီထင်ခဲ့ပေမယ့် အရင်ကထပ်ပင် ကြော်ညာတွေကမ်းလှမ်းခံရတယ် ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးခဲ့ရတယ်။အနုပညာရှင် မောင်နှမတွေကလည်း နွေးထွေးစွာ လက်တွဲခေါ်ပေးကြသည်။

နောက်ကွယ်က ဦးထွဋ် ပန့်ပိုးမှု့ကြောင့်လား ထင်မိခဲ့သေးတာ ဦးထွဋ်က သူ့လုပ်ငန်းကိစ္စတွေနဲ့
လုံးဝ ကိုယ့်ဘက်ကို လှည့်ကြည့်မပေးနိုင်ဘူးဆိုတာ သိခဲ့ရသည်။ ကိုယ်ရဲ့အရည်အချင်း
ကြိုးစားမှု့ကြောင့် အောင်မြင်တဲ့ မင်းသားအဖြစ်
ရပ်တည်နိုင်တာဟု ကျေနပ်မိသည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now