EP_31(uni)

5.1K 192 20
                                    

"ထိုင်ပါ ကိုထွဋ်ပိုင်ဦး"

"ဆရာရာသစ်နဲ့ ဆွေးနွေးစရာရှိလို့
ဖုန်းဆက်လိုက်တာပါ"

"ဟုတ်ကဲ့ ခင်ဗျ"

"ကျွန်တော့် ကောင်လေး သူရခန့်ဗိုလ်
ကိုယ်ဝန်ဆောင်ထားရတယ် ဆရာ"

"ဟုတ်ကဲ့"

"မနေ့က အိမ်အပြန် ကျွန်တော့်အမျိုးသား
အိမ်မှာရှိရမယ့် အချိန် မတွေ့တာနဲ့ လိုက်ရှာနေတုန်း ပန်းခြံထဲမှာ တွေ့တယ် ဆရာ"

"ဟုတ်ကဲ့"

ဒေါက်တာရာသစ် နားလည်အောင် ဘယ်လိုပြောပြရမလည်း ထွဋ်ပိုင်ဦး တွေးနေမိသည်။
ကလေးငယ် ကိုယ်ဝန်ဆောင်မှု့နဲ့ပတ်သက်နေမလားတွေးပူမိတာလည်းပါ၏။
မနေ့ညနေက ပန်းခြံထဲမြင်ရသည့် ကလေးငယ်ရဲ့မျက်နှာကို တသက်လုံး မေ့နိုင်တော့မည်မထင်ဘူး ခုချိန်ထိ မြင်ယောင်နေမိသည်။

"ကျွန်တော့်အမျိုးသားကို တွေ့လိုက်ရတဲ့အနေအထားကြီးက တကယ်သွေးပျက်စရာကောင်းလွန်းတယ် ဒေါက်တာ"

"ဘယ်လိုအနေအထားမျိုးတွေ့လိုက်လို့လဲ
သေချာရှင်းပြပေးပါလား"

"သူက သူမြတ်နိုးတဲ့နှင်းဆီခိုင်ကိုလက်နဲ့ဆုပ်ကိုင်ထားတာ လက်ကြားထဲကနေ သွေးတွေစီးကျနေတယ် သူ့အနားသွားပြီး
ဘာလို့အဲလိုလုပ်နေတာလဲ
မေးလိုက်တယ်  ဒေါက်တာ
မနာဘူးလားလို့ ထပ်ပြီး​မေးလိုက်တဲ့အခါ
သူက နာတယ်လို့ပြန်ပြောလာရင်း
ကျွန်တော့်ကို ကြည့်လိုက်တဲ့မျက်နှာထားက
တကယ်ကြောက်စရာကောင်းတယ်
လူသေကောင်မျက်နှာလိုကြီး အသက်မဲ့နေသလိုပဲ"

"အမြင်မှားတာများလား"

"မမှားဘူး ဒေါက်တာကျွန်တော် သူ့ပုခုံးကို ထိလို့ရတယ်လေ အဲ့အချိန်မှာ ဖုန်းဝင်လာတယ်
ကျွန်တော့်အမျိုးသားရဲ့ မန်နေဂျာ ဖုန်းဆက်လာတာ"

"ဟုတ်ကဲ့"

"ကျွန်တော့်အမျိုးသား ကုပ္မဏီရှေ့မှာ
သူ့ကို ကားတစ်စီးက ဖမ်းခေါ်သွားတယ်လို့
ဂျာကြီးကပြောလို့ သူရခန့်ဗိုလ် အိမ်မှာရှိတယ်လေလို့ ပြောပြီး ကျွန်တော့်အမျိုးသားကို ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်အနားမှာဘယ်သူမှမရှိဘူး"

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now