Ep_14 (zg)

1.6K 20 2
                                    

*အား.....ဟင်း.....ကျွတ်...ကျွတ်*

လမ်းကြိတ်စက် ကျိတ်ခံထားရသည့်အလား
တကိုယ်လုံး နာကျင်ကိုက်ခဲနေမှု့ကြောင့်
သူရခန့်ဗိုလ်သည် အိပ်ရာထဲကနေမထနိုင်ဖြစ်နေမိသည်။ အပေါ့အပါးသွားဖို့ အိပ်ရာထဲကနေ ရုန်းထမိတော့ အောက်ပိုင်းတစ်ခုလုံး နာကျင်နေမှု့ဝေဒနါက ပြင်းလွန်းလှသည်။
အံတင်းတင်းကျိတ်လျှက် ဖြေးဖြေးခြင်းသာ
အိမ်သာထဲသွားရသည်။

အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင်
သက်သာမယ်ထင်မိတာမလို့ အိမ်သာထဲကနေ
မွေ့ရာပေါ်ရောက်မှ ဦးထွဋ် ထားပေးထားသည့်
ရဲနိုင်ဝင်းကို ဖုန်းဆက်ခေါ်လိုက်သည်။
ရဲနိုင်ဝင်းက ချက်ခြင်းပင် အခန်းထဲဝင်လာ၍
စားစရာနဲ့ဆေးကဒ်ကို ယူလာပေးသည်။

"အကိုလေးကို စိတ်ပူနေတာ
ဆေးမသောက်ခင် ကြက်ပေါင်းလေးစားလိုက်နော်"

"စားချင်စိတ်မရှိဘူး"

"ဒီလိုကြီး မနေပါနဲ့လား အကိုလေးရာ
ဒေါက်တာခေါ်လိုက်ရမလား"

"မင်းက ဦးထွဋ် လူဆိုတော့
မေးချင်တာတစ်ခုရှိတယ် ဖြေမလား"

"ကျွန်တော်သိတာဆို ပြောပြပါ့မယ်
ကြက်ပေါင်းလေးစားလိုက် ပြောပြမယ်"

ရင်ထဲဆို့တတ်နေမှု့က ရေပင်မနည်းမြိုနေရတာမလို့ လက်ထဲထည့်ပေးလာသည့် ရဲနိုင်ဝင်း
စားစေချင်တဲ့ ကြက်ပေါင်းကို
ခက်ခက်ခဲခဲ မြိုချရသည်။
မေးချင်တာသိရဖို့သာ စားလိုက်ရတာ
အရသာကို ခံစားလို့မရ ဖြစ်နေမိသည်။

"အကိုက်အခဲပျောက်ဆေးယူလာတယ်
အကိုလေး...... မနေ့က ဦးထွဋ် မပြန်ခင်
အကိုလေးကို ဆေးတိုက်ပေးဖို့
လိုအပ်ရင် ဆရာဝန်ခေါ်ပေးဖို့ မှာသွားတယ်"

လူကို ကြမ်းကြမ်းတမ်းတမ်း ပြုမူပြီးမှ
ဂရုစိုက်ခိုင်းတဲ့ ဦးထွဋ်ကို နာကျည်းချင်မိသည်။
ရဲနိုင်ဝင်းကိုတော့ ဘာမှမပြောမိ.....

"ဆေးရောသောက်ပြီးပြီဆိုတော့
မင်းကို မေးချင်တာရှိတယ်"

"ဟုတ် အကိုလေး"

"ဦးထွဋ် ညီမ ဘယ်မှာ သဂြိုလ်တာလဲ
သူတို့က ခရစ်ယာန်ဘာသာကိုးကွယ်တာဆိုတော့
အေးရိပ်ငြိမ်မှာရှိတဲ့ ခရစ်ယာန်သင်္ချိုင်းမှာလား"

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now