Ep_10 (zg)

1.7K 22 0
                                    

*ဖေဖေ ပြန်လာပြီ*

ကားဟွန်းသံ အကြား အိမ်ထဲကနေပြေးထွက်ပြီး
ဝင်းတံခါးကို အရံသင့်ဖွင့်ပေးထားလိုက်သည်။
ကားတံခါးဖွင့် ဆင်းလာသည့်ဖေဖေ့ရဲ့လက်ကိုဆွဲကိုင်ထားတော့ ဖေဖေက ကိုယ့်ရဲ့ဆံပင်
အုပ်အုပ်လေးကို ဖိနမ်းလေ၏။

*သား....ဖေဖေ့ကို စောင့်နေတာလားကွ*

*ဖေဖေပြန်လာရင် သားအတွက် ရေခဲမုန့် ဝယ်ခဲ့မယ်ဆို*

*ဒီသားအဖ အိမ်ထဲမဝင်သေးဘဲ ဘာနေကြတာတုန်း*

*မိန်းမအတွက် နှင်းဆီပန်းအိုးဝယ်လာတယ်
ကား နောက်ဖုံးအခန်းထဲမှာ*

*ကျေးဇူးပါ ယောကျာ်းရေ*

ထိုအချိန်တွေတုန်းက ပျော်စရာကောင်းတဲ့
မိသားစုအဖြစ် တည်ရှိခဲ့တာ။
ဖေဖေ ကုပ္မဏီကနေ ပြန်လာရင် ရေခဲမုန့်စားရတယ် မေမေ အကြိုက်ဆုံး နှင်းဆီပန်းအိုး
တစ်ပင် အိမ်ရဲ့ ပန်းခြံမှာတိုးလာတယ်။

တိုင်းထက်လွန်နဲ့သာ ချစ်သူတွေမဖြစ်ခဲ့ရင်
ခုလို ဝေးရမှာမှန်းသိခဲ့ရင် တိုင်းထက်လွန်ကို
ချစ်မိမှာမဟုတ်ပေ။ ကိုယ့်ရဲ့ တဇောက်ကန်းဆန်တဲ့အတ္တတွေကြောင့် မေမေ သေခဲ့ရတာ။
ဖေဖေ့ရဲ့ ဥပေက္ခာပြုမှု့ ခံရတာ။

တိုင်းထက်လွန် ကိုယ်ဆီပြန်လာမယ့်အချိန်ကို
သစ္စာရှိရှိစောင့်ခဲ့မိတဲ့ရလာဘ်က မေမေသေခဲ့ရသလို ငါ့သားက ငါ့ရဲ့ အားကိုးရဆုံး သားတစ်ယောက်ဖြစ်မှာလို့ ကြွေးကြော်ခဲ့တဲ့ ဖေဖေရဲ့
အားကိုးမှု့ကို ဆုံးရှုံးခဲ့ရတာဘဲ အဖက်တင်ခဲ့တယ်။

ဖေဖေမျှော်လင့်တဲ့ စီးပွားရေးလိုင်းထဲမဝင်ဘဲ
တိုင်းထက်လွန် မြန်မာပြည်ပြန်လာရင်
ကိုယ့်ကိုရှာရလွယ်အောင် အနုပညာလမ်းကြောင်းပေါ် လျှောက်ခဲ့သည်ကိုး။
ဖေဖေနဲ့ကိုယ် ပိုပြီးတော့သာ ဝေးကွာခဲ့ရတယ်။

ရက်စက်တတ်တဲ့ ကံကြမ္မာက ကိုယ့်ဆီဦးတည်လာပုံရတယ် တိုင်းထက်လွန်က ဖေဖေ့ရဲ့ အိမ်ထောင်ဖက်တဲ့......ရယ်စရာကောင်းလွန်းမနေဘူးလား.......

*သား.....သားရဲ့ချစ်သူကောင်လေး
ပြည်ပမှာ အလုပ်သွားလုပ်ဖို့ မေမေ စီစဉ်ခဲ့တာ
သားတို့နှစ်ယောက်လုံး ကောင်းဖို့အတွက်ပါကွယ်*

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now