Ep_37 (uni)

5.8K 177 8
                                    

"!စက်သီဟ လုပ်ပါကွာ
မင်း သေလို့မရဘူးနော်"

"......."

"!စက်သီဟ ထပါကွာ"

စက်သီဟ အသက်ပြန်ရှူအောင်
နှာခေါင်းကိုလက်ညှိုးနဲ့လက်မ အသုံးပြုကာပိတ်ထားလိုက်ပြီး နှုတ်ခမ်းချင်းတေ့ပြီး
လေမှုတ်သွင်းရသည်။
အခြေနေက ထူးမလာပါ။

"!စက်သီဟ မင်း နိုးမှဖြစ်မယ်
အသက်ပြန်ရှူပါကွာ"

"ထွဋ်ပိုင်ဦး မင်း ဖယ်"

"ခင်ဗျား ကျုပ်ညီကို ထိစရာမလိုဘူး"

"ငါတောင်းပန်ပါတယ် ထွဋ်ပိုင်ဦး
စက် babyငါ့ကို ရယူဖို့အကြမ်းဖက်လာတဲ့အချိန် ငါ့စိတ်ထဲ စက် babyလို့မမြင်တော့ဘူး"

"!ခုလောက်ထိ လုပ်စရာလိုလား"

ဦးဓနဒွန်းကို အော်ဟစ်လိုက်ပြီး
စက်သီဟရဲ့ ရင်ဘက်ကိုလက်နှစ်ဖက်နဲ့ဖိကာ ကြိုးစားလိုက်သည်။

"!စက်သီဟ ပြန်နိုးလာပါကွာ"

1.2.3.4

1.2.3

"!အဟွတ် အဟွတ်"

ချောင်းဆိုးသံနဲ့အတူ မျက်လုံးပွင့်လာသည့်
စက်သီဟကို မြင်မှ ထွဋ်ပိုင်ဦး သက်ပြင်းချမိ၏။

"သတိရလာပြီလား"

"!ကျွန်တော် ဘာဖြစ်သွားတာလဲ အကိုကြီး "

"အသက်မရှူတော့ဘူးလေကွာ တော်သေးတာ"

စက်သီဟ သတိပြန်ရလာပြီဆိုမှ စက်သီဟကိုထိမ်းကာ ထိုင်စေလိုက်သည်။

"တောင်းပန်ပါတယ် စက် baby
ကိုယ့်ကိုအကြမ်းဖက်လာတော့ စိတ်လွှတ်သွားမိတာ"

"......"

"စက် babyကို ဘယ်တော့မှ မတွေ့ဘဲနေပါ့မယ်
က်ုယ့်ကြောင့် မနာကျင်စေချင်တော့ဘူး"

"ခင်ဗျား ဘာလို့ တခြားလူတစ်ယောက်လိုဖြစ်သွားရတာလဲ"

"Child Sexual Abuse ကျူးလွန်ခံခဲ့ရတယ်
ကိုယ့်အသက်ဆယ့်ငါးနှစ်လောက်က"

"ဒါနဲ့များ ခင်ဗျားမှာ ကိုယ်ချင်းစာစိတ်မရှိဘူးနော်"

"အဲပုံရိပ်တွေ မြင်ယောင်တိုင်း
တခြားတစ်ယောက်ရဲ့နာကျင်တဲ့အော်ဟစ်သံကိုကြားမှ ကိုယ့်စိတ်ပြေတာမလို့"

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now