EP_8 (zg)

1.6K 23 1
                                    

ကလေးငယ်က သူရကိုခေါ်ထုတ်ပေးဖို့
သူရနဲ့လုပ်ငန်းကိစ္စဆွေးနွေးစရာရှိတယ်လို့သာပြောထားတာ ဧည့်ခန်းမှာ
နှစ်ယောက်သားဘာစကားမှမဆိုမိ။

"ဘယ်လုပ်ငန်းရဲ့ ကိစ္စပြောမလို့လဲ
ထွဋ်ပိုင်ဦး"

"သူရခန့်ဗိုလ်ကို ငါ့ပေး"

"ဘာ"

အထူးတလည်လုပ်ငန်းကိစ္စဆွေးနွေးစရာမရှိမဲ့အတူတူ ကိုယ်ဖြစ်ချင်တာတောင်းဆိုကြည့်တာ ပိုအဆင်ပြေမည်ဟု
သဘောပိုက်လျှက် ထိုစကားကိုပြောလိုက်ခြင်းဖြစ်သည်။

"သူရခန့်ဗိုလ်ကို ငါနဲ့သဘောတူပေး"

"နေပါဦး....ငါ့ဆီကနေ ငါ့သားကိုတောင်းတာက သူ့ကိုလက်ထပ်မယ်ဆိုတဲ့သဘောလား"

"အေး....ယောက္ခမဆီကနေတောင်းရမ်းတဲ့သဘောလေကွာ မင်းလိုချင်တာပြော
သူရခန့်ဗိုလ်ကို ဘယ်လောက်နဲ့တင်တောင်းရမလဲ"

"မဖြစ်နိုင်တာ ငါ့သားကို"

"!ဦးရေ....မဟူရာ့ကိုကယ်ပါဦး"

သူရအခန်းဆီကနေ မဟူရာ့ရဲ့အော်ဟစ်အကူညီတောင်းသည့်အသံ ခပ်သဲ့သဲ့ပြန့်လွင့်လာသည်မလို့ စကားဆပြတ်ကာ
အခန်းရှေ့ နှစ်ယောက်သားပြေးထွက်ခဲ့ကြသည်။

သူရက အခန်းတံခါးဖွင့်ကြည့်ပေမဲ့
တံခါးကပွင့်မလာ အထဲကနေဂျက်ချထားတာဖြစ်ပုံရမည်။အခန်းထဲမှာ အော်ဟစ်သံတွေက အခန်းအပြင်ကနေကြားနေရတာဆိုတော့ သူရရောကိုယ်ရော
ထူပူလျှက်ရှိနေကြသည်။
သူရကအတင်းပင် ဆွဲဖွင့်နေပေမဲ့အခန်းတံခါးကပွင့်မလာခဲ့.....

"သူရ တံခါးဖွင့်တဲ့သော့မရှိဘူးလား"

"ရှိတယ်"

"ဘယ်မှာလဲ"

"အခန်းထဲမှာ"

"ကျစ်"

"အခန်းသော့ကလိုမှမလိုတာကွာ
အခန်းသော့ မသုံးမိမဲ့အတူတူ
အခန်းထဲထားမိတာ"

"ကဲ အခန်းတံခါးဘယ်လိုဖွင့်ကြမလဲ
ဖျက်မှာလား "

"!သူရခန့်ဗိုလ် ခုချက်ခြင်းတံခါးဖွင့်စမ်း"

"......."

******
မဟူရာ့ကို အတင်းဖိကာ မဟူရာ့ရဲ့မျက်နှာအနှံ့ကြမ်းတမ်းစွာနမ်းရှိုက်လာသည့်
လူတစ်ယောက်ရဲ့လက်ကနေလွတ်အောင်
အတင်းရုန်းကန်မိနေသည်။
အားနည်းချိန်ဖြစ်လို့ ထင်သလောက်ရုန်းဖို့အင်းအားမရှိ....ဦး ကြားအောင်
အော်ဟစ်အကူညီတောင်းမိတော့
မဟူရာ့ကိုဖိအုပ်ထားသည့်လူက
မဟူရာ့ရဲ့ပါးစပ်ကိုလက်ဖြင့်ဖိအုပ်ထားပြန်သည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now