~ ခင်ဗျား ပေးအပ်လာတဲ့ အချစ်တွေဟာ
မနူးညံ့ဘူး သံမှိုတစ်ချောင်းလိုပဲ
ကျွန်တော့် နှလုံးသားမှာ စိုက်ဝင်နေခဲ့ပြီ
နှုတ်ပစ်ဖို့ရာကြ သွေးစိမ်းစိမ်းကျအောင်
နာကျင်ရတယ်လေ မနှုတ်ပဲ ထားတော့ရော
တဆစ်ဆစ်နဲ့ နာကျင်ရတယ် "စက်သီဟသည် အကိုကြီး အမိန့်အရ
ဦးဓနဒွန်း ဆိုသူကို မသိမသာ သေချာ အကဲခတ်ကြည့်နေမိသည်။
ဦးဓနဒွန်းက လူကြီးလူကောင်း ပုံစံဟု
မြင်ရပေမယ့် ဥပဓိရုပ်နဲ့မလိုက် မျက်နှာအမူအရာ ကြည့်ရတာ ခက်ထန်သယောင်......"ကောင်လေး မင်းက မင်းသားပဲလား"
ရုတ်တရက် ဦးဓနဒွန်း မေးလာသည်ကို
ဘာပြန်ဖြေရမယ်မသိ သူခိုးလူမိသွားသလိုဖြစ်မိသွားသည်။"မဟုတ်ဘူးဗျ.....ကျွန်တော်က
မင်းသားသူရခန့်ဗိုလ် ရဲ့ အဖွဲ့သားတွေကို ပြန်ပို့ပေးရမယ့် တာဝန် ယူထားသူပါ"ဓနဒွန်းသည် ဖီးနစ်ဂိုဏ်းခေါင်းဆောင် ထသွားသည့် ထိုင်ခုံမှာ ဝင်ထိုင်နေသည့် ကောင်လေးကို
စိတ်ဝင်စားမိနေသည်။ခုံမှာ လာထိုင်စဥ် တစ်ချက်ကြည့်လိုက်ပေမယ့် ထိုကောင်လေးပုံစံက
စိတ်ထဲ ရစ်ဝဲလို့ နေ၏။
အရသာရှိရှိ သုံးဆောင်လိုက်ရင်ဖြင့်....."ကိုယ် မင်းကို စိတ်ဝင်စားတယ်"
"!ဗျာ"
"မင်းရော ကိုယ့်ကို စိတ်ဝင်စားလား"
အကိုကြီး စုံစမ်းခိုင်းထားလို့ ဦးဓနဒွန်းကို
ခေါင်းထဲရှိပေမယ့် ထိုလူကြီးပုံစံက
က်ုယ့်အပေါ် တမျိုးဖြစ်လို့နေသည်။
မရိုးသားဘူးလို့ ခံစားမိသည်လေ။"မင်းကို ဖိတ်ခေါ်ချင်တယ် လက်ခံနိုင်လား
မင်း လိုချင်တာမှန်သမျှ တောင်းဆိုခွင့်ရှိတယ်""ဘာကိုလဲ ဗျ"
"စိတ်ဝင်စားလား"
ဦးဓနဒွန်း ဆိုသည့် လူကြီးက လက်ရဲဇက်ရဲ
နိုင်လွန်းသည်။ကိုယ့် လက်ကို ထိတွေ့လာရင်း
တဖြေးဖြေး ခန္ဓာကိုယ်ကိုပါ ထိတွေ့လာတာမလို့
လူအများ ကြားထဲ ဇောချွေး ပြန်လာရသည်။*ငါ့ကို ဘာတွေ လုပ်နေတာလဲ စိတ်ပျက်ဖို့ ကောင်းအောင်*
အကိုကြီး အမိန့်က ရှိသေးတာဆိုတော့
စုံစမ်းရမယ့် ကိစ္စက ဦးဓနဒွန်းနဲ့ ရင်နှီးရင် လွယ်ကူလောက်သည်ဆိုတော့ အလိုက်သင့်သာ နေနေလိုက်သည်။
YOU ARE READING
ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)