Ep_32 (uni)

5.1K 188 17
                                    

~တရုတ်စကားပန်းရဲ့အဓိပ္ပါယ်ကို
အမျိုးမျိုးဖွဲ့ဆိုကြရာ
တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးမှု့အတွက်
လှပနေပါလိမ့်မယ်
တဖက်သပ် အချစ်အတွက်ဖွဲ့ဆိုရာဝယ်
တစ်စုံတစ်ယောက်ကို မြတ်နိုးရတာ
ပူဆွေးစေတယ်တဲ့
ကိုယ် မင်းအပေါ်မြတ်နိုးမိတာ
ကိုယ့်အတွက်ပူဆွေးမှု့မဖြစ်စေပဲ
မင်းအတွက် ပူဆွေးစေမိခဲ့တာလား~

လွန်ခဲ့သည့် တစ်ရက်က......

"စက်သီဟ အိမ်ထဲဝင်ရအောင်"

ဦးဓနဒွန်း ခေါ်ဆောင်သည့်နေရာက သူ့အိမ်
ကတိအတိုင်း လိုက်ခဲ့ရပေမယ့်
ထိုအိမ်ဝင်းထဲ ခြေချမိလိုက်တာနဲ့
အနာဟောင်းက အသစ်ဖြစ်လို့လာခဲ့ရသည်။

ထိုအိမ်ကြီးထဲ ကမ္ဘာပျက်သလို ငရဲ့ကျခံရသလိုဖြစ်ခဲ့တာတွေက လက်ရှိဖြစ်ပျက်လာသလိုမျိုးခံစားလို့လာခဲ့သည်။

"!ကျွန်တော်..... ပြန်ပါရစေ တခြားနေရာသွားရအောင်"

အိမ်ထဲဝင်ဖို့အရေး သွေးပျက်မတတ်ကြောက်ရွံနေသည့် စက်သီဟကို စိတ်ပူပန်မှု့လျော့စေရန်
လက်ဆွဲကာ ထိမ်းပေးပြီး ဒွန်းစံအိမ်ထဲဝင်စေလိုက်သည်။
ဦးတည်မိတာက ဓနဒွန်းအခန်းထဲသို့ဖြစ်၏။

စိတ်ကို အမြင့်ဆုံးရောက်အောင် ကြိုးစားနေရတဲ့အချိန်မှာ စက်သီဟ စိတ်ကို ဟိုး အောက်ဆုံးထိရောက်အောင် ဆွဲချခဲ့တဲ့ ငရဲလိုအခန်းထဲ
လေးကန်နေသည့် ခြေလမ်းတို့ဖြင့်
နောက်တစ်ကြိမ်ဝင်ခဲ့ရသည်။ဦးဓနဒွန်းက မွေ့ရာပေါ်ထိုင်ဖို့အချက်ပြလာတာကြောင့် မျက်လုံးစုံမှိတ်ထားပြီး ထိုင်ချလိုက်သည်။

ဒီအိမ် ဒီအခန်း ဒီမွေ့ရာပေါ်ထိုင်နေရတာက
ဦးဓနဒွန်း ဘယ်အရာကို ဦးတည်ချင်နေလည်းဆိုတာသိသည်လေ။အတူနေခြင်းမှ မဟုတ်ရင်
ဘာဖြစ်ရမှာတဲ့လဲ......

"စက် ကိုယ့်ကို ကြည့်ပါဦး"

အချိန်အတော်ကြာတဲ့ထိ မိမိခန္ဓာကိုယ်ကို
ထိတွေ့လာခြင်းမရှိတဲ့အပြင် မျက်လုံးဖွင့်ကြည့်ခိုင်းလာတဲ့ ဦးဓနဒွန်းကြောင့် မရဲတရဲ ဖွင့်ကြည့်လိုက်သည်။
ဦးဓနဒွန်းကို ကုတင်ဘေး ကြမ်းပြင်မှာ
ဒူးထောက်လျှက်သား တွေ့ရသည်။

 ရှင်သန်ခြင်း၏အဓိပ္ပါယ်_S1(Completed)Where stories live. Discover now