"နာရင်ပြော"
ဂျောင်ကုက ထယ်ယောင်းအနာကို အရက်ပြန်နဲ့ပိုးသတ်ရင်းပြောလာသည်။ထယ်ယောင်းကတော့ ဂျောင်ကုဆွဲခေါ်လာ၍သာ ဆေးဆိုင်သို့ရောက်လာပြီး တံတောင်ဆစ်တွင်
ပေါက်ပြဲပြီးသွေးထွက်နေတာကိုပါ ဂျောင်ကုပြောမှသတိထားမိသည်။သူဘယ်လိုဖြစ်ပြီး ဒဏ်ရာရခဲ့ဆိုတာတောင် ထယ်ယောင်းမသိပေ။"မနာပါဘူး"
အရက်ပြန်နဲ့ပိုးသတ်နေတာကြောင့် နာသည်ထက်ပိုသည်။
သို့သော် ထယ်ယောင်း ဂျောင်ကုစိုးရိမ်မည်ကိုစိုး၍ လိမ်ပြောလိုက်သည်။"ဂျောင်ကု...ခုနကကိစ္စတွေက အဆင်ပြေသွားပါ့မလား"
သူအခုထိစိုးရိမ်နေတုန်းဖြစ်သည်။ဂျောင်ကုကတော့ ဘာမှစိုးရိမ်နေသည့်ပုံမရှိပေမယ့် သူကတော့ဂျောင်ကုအတွက်
တွေးလိုက်တိုင်း ရင်ထဲမွန်းကျပ်သည်အထိစိုးရိမ်သည်။"စိတ်မပူနဲ့"
ဂျောင်ကုက သူ့ကိုထိုမျှသာပြောသည်။သူထပ်မေးချင်ပေမယ့် ဂျောင်ကုကပြောပြချင်တဲ့ပုံစံမဟုတ်တာကြောင့် ဆက်မမေးတော့ပဲ တိတ်ဆိတ်နေလိုက်သည်။
"lufi ကအကြောင်းမဲ့ကိုက်တာမဟုတ်ဘူး"
ထယ်ယောင်းရဲ့တံတောင်ဆစ်ကဒဏ်ရာကို ပိုးသတ်ပြီးတော့
ဂွမ်းနဲ့အသာသုတ်ကာ နီရဲရဲဆေးရည်တွေကို ဂရုတစိုက်လိမ်းပေးနေတဲ့ဂျောင်ကုက ထယ်ယောင်းမမေးပေမယ့် သိချင်နေတာကိုသိသောကြောင့် စကားစလိုက်သည်။"ဟင်..."
သူပြောတော့ မျက်ဝန်းများဝိုင်းစက်သွားကာ သူ့အားမော့ကြည့်လာသည်။ထိုမျက်ဝန်းညိုတွေက ခုလိုဝိုင်းစက်သွားတဲ့အခါတိုင်း ပိုလှလေ့ရှိသည်။
"lufi မျက်လုံးနားကအမာရွတ်ကိုတွေ့တယ်မလား"
"အင်း"
ထယ်ယောင်းစတွေ့တည်းက သတိထားမိသည်။lufi၏ညာမျက်လုံးအောက်နားတွင် ကန့်လန့်ဖြတ်ရာလိုမျိုးအမာရွတ်ရှိသည်။
"အဲ့ဒါ ခုနကခွေးဆီကအကိုက်ခံရတာ"
"ဘယ်လို!"
