3

4.2K 221 8
                                    

မနက်မိုးလင်းတဲ့ထိ စာဖတ်​နေတဲ့ထယ်​ယောင်းတစ်​ယောက် အ​စောကြီးတည်းက ​ဂျောင်ကုနဲ့သွားဖို့ကို ပြင်ဆင်ပြီးနှင့်ပြီဖြစ်သည်။ဒီ​နေ့မှ 10နာရီထိုးဖို့ကပိုကြာ​နေသလိုပင်။ဒီ​နေ့​ဂျောင်ကုနဲ့ ပထမဦးဆုံးအပြင်သွားရမှာဆို​တော့ နည်းနည်း​တော့စိတ်လှုပ်ရှား​နေသည်။8နာရီထိုး​တော့ အဘိုးကမနက်စာစားဖို့လာ​ခေါ်ခိုင်းသည်နှင့် အခန်းထဲကပြတင်း​ပေါက်မှ ခြံ​ရှေ့ကိုစိတ်လှုပ်ရှားစွာကြည့်​နေသည်ကိုရပ်၍ မနက်စာစားရန်​ အောက်သို့ဆင်းလာရသည်။ဒီ​နေ့စိတ်လှုပ်ရှား​​နေပြီး ပုံမှန်မနက်8နာရီမှာ မနက်စာစားဖို့ကိုပင်​ မေ့​လျော့​နေခဲ့သည်။ပုံမှန်ဆို ထယ်​ယောင်းက8နာရီမထိုးခင် 5မိနစ်အလိုတည်းက ထမင်းစားပွဲဝိုင်းတွင် အဘိုးကို​စောင့်​​နေကျဖြစ်သည်။ဒီ​နေ့မှ​မေ့သွားခြင်းသာ။

သူ​ရောက်​တော့ အဘိုးက​ရောက်နှင့်​နေပြီးဖြစ်သည်။အိမ်​နေရင်းအဝတ်အစားများမဟုတ်တာ​ကြောင့် အဘိုးကသတင်းစာဖတ်​နေသည်ကိုရပ်၍ သူ့ကို​သေချာကြည့်လာသည်။

"​မြေး​လေး...ညကအိပ်ရာဝင်​နောက်ကျလို့လား"

"ဟုတ်...ကျွန်​တော်စာဖတ်​ရင်း​နောက်ကျသွားလို့ပါ"

အဘိုးက​ခေါင်းညိတ်ရင်း သူ့ပုံစံကိုထပ်အကဲခတ်​နေသည်။
ကြည့်ရတာ တစ်ခုခုကို​ပြောချင်​နေသည့်ပုံပင်။

"အဘိုး ကျွန်​တော့်ကို​ပြောစရာရှိလို့လား"

ထယ်​ယောင်းဘက်ကပင် စကားစ​ပေးလိုက်သည်။

"​မြေး​လေးက...မနေ့ကသူငယ်ချင်းနဲ့လမ်း​လျှောက်တယ်ဆိုလို့...သူငယ်ချင်းရ​နေပြီလား...ဘယ်ကတဲ့လဲ​"

သူထင်ထားသည့်အတိုင်း ဒီကိစ္စကို​မေးလာ​​လေသည်။

"ကျွန်​တော်နဲ့ လွန်ခဲ့တဲ့4ရက်​လောက်မှခင်တဲ့သူငယ်ချင်းပါ အဘိုး...ဒီရပ်ကွက်ထဲကပဲ...နာမည်ကဂျွန်​ဂျောင်ကုပါ"

"​မြေး​လေးမှာ သူငယ်ချင်းမရှိလို့အဘိုးကစိုးရိမ်​နေတာ...သူငယ်ချင်းရှိတာဘယ်​လောက်ကံ​ကောင်းသလဲ....အခုငါ့​မြေး​လေးမပျင်း​တော့ဘူး​ပေါ့...ဒီ​ရောက်တုန်းသူငယ်ချင်းနဲ့လုပ်ချင်တာ​တွေရှိရင်လုပ်...ဟုတ်ပြီလား...မုန့်ဖိုးလိုလည်းအဘိုးကို​ပြော....အခုလည်းဒီလိုဝတ်ထား​တော့...သူငယ်ချင်းနဲ့အပြင်သွားမလို့လား"

Light(completed)Where stories live. Discover now