လေးလံနေတဲ့မျက်လုံးတွေနဲ့အတူ နိုးလာတာကဂျောင်ကုအိပ်ရာပေါ်မှာဖြစ်၏။တစ်ကိုယ်လုံးဘာအဝတ်အစားမှ မကပ်ပဲဒီတိုင်းအိပ်ပျော်သွားခဲ့တာကြောင့် ရှက်စိတ်နဲ့အတူအမြန်ထရင်း ကုတင်အောက်မှာပုံနေတဲ့အဝတ်စားတွေကိုကောက်စွပ်ရတော့သည်။ခုမှသတိထားမိလို့ ကုတင်ပေါ်ကြည့်မိတော့ အိပ်နေခဲ့တာသူတစ်ယောက်တည်းပဲ။ညကအတူဖက်အိပ်ခဲ့တဲ့ဂျောင်ကုက ဘယ်ပျောက်သွားတာလဲ?
သူ့ကိုတစ်ယောက်တည်းထားခဲ့၍ ပျောက်သွားတဲ့ဂျောင်ကုကြောင့်ဝမ်းနည်းပေမယ့်လည်း ခုမှအိမ်ပြန်ရမည်မို့ထိုကြောက်စိတ်နဲ့သာ တွေးပူရင်းအိမ်သို့ပြန်လာခဲ့သည်။
အဘိုးကဒီတစ်ခေါက်တော့ သူ့ကိုဆူမယ်ထင်တယ်။အားနည်းနေတဲ့ခန္ဓါကိုယ်သေးသေးလေး အိပဲ့အိပဲ့နဲ့လမ်းလျှောက်သွားတာကိုကြည့်ရင်း ဂျောင်ကုသက်ပျင်းရှည်ကြီးချပြီး နံရံကိုလက်သီးဖြင့်တစ်ချက်ထိုးမိသည်။ညကမူးမူးရူးရူးဖြင့် ထယ်ယောင်းနဲ့မှားခဲ့မိတာကိုရင်မဆိုင်ရဲတာကြောင့် မျက်လုံးနှစ်လုံးပွင့်တာနဲ့ အပေါ်ဆုံးထပ်ကိုတက်လာပြီးရှောင်နေတာဖြစ်သည်။အိပ်ရာနိုးလာမယ့်ကင်မ်ထယ်ယောင်းမျက်လုံးတွေနဲ့ ရင်ဆိုင်ဖို့သူ့မှာအားမရှိဘူး။တစ်ခါမှခုလိုမဖြစ်ဖူးတာမို့လည်း သူပိုကြောက်နေမိသည်။
မိန်းမပေါင်းသောင်းခြောက်ထောင်နဲ့တွဲနေသော်လည်း ကုတင်ပေါ်ခြေတင်ခဲ့ဖူးတာတစ်ယောက်မှမရှိပေ။ခြေတင်ရအောင် တစ်ယောက်ကမှသူ့စိတ်ကိုမဆွဲဆောင်နိုင်ဘူးဆို ပိုမှန်မလား?ဒါကိုဘာလို့ကင်မ်ထယ်ယောင်းနဲ့ကျမှ စိတ်တွေလွတ်ထွက်ကုန်မှန်းမသိဘူး။
ညကဖြစ်ခဲ့တဲ့ကိစ္စက ကျွန်တော့်ရဲ့ပထမဆုံးဖြစ်သလို
ကင်မ်ထယ်ယောင်းရဲ့ပထမဆုံးဆိုတာလည်း သိတယ်။
ဒါပေမယ့် ဒီကိစ္စကြောင့်ကင်မ်ထယ်ယောင်းကသူ့ကိုအကျပ်ကိုင်ရင် ဘယ်လိုလုပ်မလဲ?မှားခဲ့တာကယောကျာ်းလေးနှစ်ယောက်မို့ကိစ္စမရှိပေမယ့် ကင်မ်ထယ်ယောင်းဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီးစကားစမလာဖို့ပဲမျှော်လင့်မိတယ်။