14

3.1K 189 19
                                    

"ခင်ဗျားစကား​တွေလွန်​နေပြီမလား!!"

"​ဂျောင်...​ဂျောင်ကု"

ရုတ်တရက်ဧည့်ခန်းထဲကို​ရောက်လာတဲ့ဂျောင်ကု​ကြောင့် ထယ်​​ယောင်းပျာယာခတ်ပြီး ​ဂျောင်ကုနားသို့​မြန်မြန်လျှောက်သွားလိုက်သည်။

"ဘယ်သူများလဲလို့...အဓိကဇာတ်​ကောင်ပါလား"

​ဖေ​ဖေကခနဲ့သလို​ပြော​တော့ ​ဂျောင်ကု​မေးရိုး​​တွေတင်းတဲ့ထိအံကျိတ်ပြီး လက်သီး​ကိုတင်းတင်းဆုပ်ထားသည်။

"​ဂျောင်ကု...အရင်ပြန်လိုက်ပါလား...ငါပြီးရင်လာ​တွေ့မယ်​လေ"

"လွှတ်စမ်း ကင်မ်ထယ်​​ယောင်း!!!"

​​ဂျောင်ကုအသံကတစ်အိမ်လုံးကို ပဲ့တင်သံထပ်သွားသည်။ထယ်​ယောင်းလည်းလန့်သွားပြီးမျက်ရည်​တွေကျလာသည်။မဖြစ်ဘူး...​ဖေ​ဖေ့စကား​တွေကို​ဂျောင်ကုကြားသွားရင်သူ့ကိုမုန်းသွား​တော့မှာ။

"မင်းလိုအဆင့်နဲ့ ငါ့သားကို​အော်စရာမလိုဘူး!!"

"​တော်ပါ​တော့​ဖေ​ဖေ...သား​တောင်းပန်ပါတယ်...​နောက်မှဆက်​ပြောရ​အောင်"

ထယ်​ယောင်း​ ​ဖေ​ဖေ့ဘက်ကိုလှည့်ပြီး​​ပြော၍ ​ဂျောင်ကုလက်ကိုအတင်းဆွဲကာ အိမ်ပြင်သို့​ခေါ်ရန်လုပ်သည်။သို့​သော် အားပြင်းပြင်းဖြင့်တွန်းထုတ်ခံလိုက်ရသည်။

​"​မင်းနဲ့ပတ်သက်မိတာ ငါအရမ်း​မှားသွားတယ်"

​ဂျောင်ကု​ပြော​တော့ ထယ်​ယောင်းက​ခေါင်းကိုသွင်သွင်ခါယမ်းသည်။အခုသူ့ရင်ထဲမှာစိုးရိမ်​နေတာကတစ်ခုတည်း...​ဂျောင်ကုမုန်းသွားမှာကိုမလိုလားဘူး။သူ့ကိုမမုန်း​စေချင်ဘူး။

"မှားတာငါ့သားပါ...မင်းနဲ့ငါ့သားတန်သလား!!"

"ခင်ဗျားသားက​ရောဘာ​တွေအဖိုးတန်​နေလို့...ကျုပ်လို​ကောင်နဲ့မတန်ဘူး​ပြော​နေတာလဲ!!"

"မင်းတို့မိသားစုအဆင့်အတန်းက ငါတို့နဲ့ယှဥ်လို့ကိုမရတာကွ!!...မင်းအ​မေကဘာလဲ...ဘားကအပျက်မမလား!!!"

"ခင်ဗျား!!!"

မာမီကိုအသားလွတ်​စော်ကား​နေတဲ့လူ​ကြောင့် ​ဂျောင်ကု​လူကြီး​တွေဘာ​တွေနားမလည်​တော့ပဲ ​အနားသို့မြန်မြန်​လျှောက်သွားကာ ကော်လံကို​​ဆောင့်ဆွဲ၍ထိုးရန် လက်​မြှောက်လိုက်သည်။

Light(completed)Where stories live. Discover now