လေတစ်ဖြူးဖြူးတိုက်နေတဲ့ ဒီရာသီလေးကတော့ သာယာနေတာအမှန်ပင်။နွေဦးဖြစ်တာကြောင့် ကောင်းကင်ကကြည်လင်ကာ တိမ်ကင်းစင်နေသည်။တိမ်ပြာပြာကောင်းကင်ယံအောက်မှာ ပျံသန်းနေတဲ့ငှက်ငယ်လေးတွေကလည်းအပြေးအလွှား၊ရွေ့လျားနေတဲ့တိမ်စိုင်ဖြူလွှလွှလေးတွေကလည်း မျက်စိပဒေသာဖြစ်သဖွယ်။
သို့သော် ဒီလိုသာယာသောရာသီဥတုဖြစ်ပေမယ့်လည်း
ဂျွန်ဂျောင်ကုဆိုသောလူရွယ်လေးကတော့ တမှိုင်မှိုင်တတွေတွေသာ။ခြံဝန်းကျယ်ကြီးထဲမှာ ဖြစ်သလိုရပ်ထားတဲ့ Lambo ပြိုင်ကားနီလေးရဲ့စက်ခေါင်းဖုံးပေါ်တွင် လက်မောင်းကိုခေါင်းအုံးကာအိပ်ရင်း ကောင်းကင်ပြာပြာကြီးကိုကြည့်နေသော်လည်း အပျင်းမပြေပေ။လုပ်နေကျအတိုင်းအပြင်သွား၊သူငယ်ချင်းတွေနဲ့ပျော်ပါးသောက်စားဖို့ကလည်း နေ့တိုင်းလုပ်နေကြမို့ ငြီးငွေ့ချင်လာသည်။သူ့အတွက် ပျော်စရာအသစ်တစ်ခုကို ရှာဖွေကာလုပ်ကြည့်ချင်သည်။သို့သော် ဦးနှောက်၌ဘာအတွေးမှပေါ်မလာပေ။မတွေးတာပဲကြာပေလို့လား?ဦးနှောက်မှတ်ဥာဏ်တွေပဲဆုတ်ယုတ်ကုန်သလား?ဒီလိုကိုယ်လုပ်ချင်တာကိုတောင်ကိုယ်ပြန်မသိရတာက သူ့ခေါင်းကိုအလုပ်မပေးတာကြာတာကြောင့်ဖြစ်နိုင်သည်။တွေးမရတော့တဲ့အဆုံး မလုပ်တာကြာပြီဖြစ်တဲ့အရာကိုသာ
လုပ်ရန်ဆုံးဖြတ်လိုက်သည်။အရမ်းမတွေးချင်ဘူး။ပင်ပန်းတယ်။ထို့ကြောင့် လှဲအိပ်နေရာမှထကာ"ဦးလေးကြီး lufiကိုသွားခေါ်လာပေးပါ...ကျွန်တော်လမ်းလျှောက်ထွက်ပေးမလို့"
Lufiဆိုတာ သူမွေးထားတဲ့ bull dog အမျိုးအစားစျေးကြီးတဲ့ခွေးကြီး။မွေးတုန်းကလည်း အကြောင်းအရင်းရယ်လိုမရှိ။မွေးချင်လို့ဝယ်ကာမွေးပစ်လိုက်သည်။မွေးထားပေမယ့် တစ်ခါတစ်ရံသာlufiကိုအချိန်ပေးတတ်သည်။သူ့အတွက် တစ်နေ့တာမှာ24နာရီရှိတာကမလုံလောက်ပေ။lufiကိုအချိန်ပေးဖို့ဆိုရင် နောက်ထပ်2နာရီလောက်ထပ်ရှိမှအဆင်ပြေနိုင်မည်။