16

3.3K 184 20
                                    

"Jk...မင်း​သောက်တာများ​နေပြီ...​တော်​တော့"

"ပြန်​ပေးစမ်း hardin"

အရက်ပြင်းကိုပုလင်းလိုက်ကိုင်ကာ ​မော့ချ​နေတဲ့​​ဂျောင်ကုကြောင့် hardinမှာတား​သော်လည်းအရာမထင်။
​နဂိုတည်းကဆိုးတဲ့သူ့​ကောင်ကြီးက ခုဆိုဆယ်ဆ​လောက်ပိုဆိုးလာသည်။ဒီလိုဆိုးသွားတာဘယ်သူ့​ကြောင့်လဲဆိုရင်
ကင်မ်ထယ်​ယောင်း​ကြောင့်တဲ့။မဆီမဆိုင်သူများကိုဆွဲထည့်​သေးတာ။ဒါလည်းဒီ​ကောင်မူး​နေတုန်း ​ပြောပြလို့သိတာ​တွေ။မမူးတဲ့အချိန် ကင်မ်ထယ်​ယောင်း​အ​ကြောင်းသွား​မေးကြည့်ပါလား?​သေမင်းကိုဗီဇာမလိုပဲ​တွေ့သွားမှာ။

ပါးစပ်ကသာ ကင်မ်ထယ်​ယောင်းကို​သောက်ရမ်းမုန်းတယ်လုပ်နေတာ။မူးရူးသွားတဲ့အချိန်ဆိုရင်​တော့ နွားစိတ်ဝင်ပြီးသူ့ပ​ထွေးနာမည်ပဲတ​နေတာ။​သူ့​​ရှေ့လည်းမ​ပြောရဲဘူး။အဲ့​တော့ စိတ်ထဲက​တော့ကျိန်ဆဲရတာ​ပေါ့​။

"Hardin...ခုဆိုကင်မ်ထယ်​ယောင်းဘာလုပ်​နေ​​လောက်မလဲ"

​ပြောတယ်မလား?အ​ရည်ဝင်သွားရင် ပ​ထွေးနာမည်ပဲတ​တော့တယ်လို့။

"ငါဘယ်သိမလဲကွာ"

"မင်းဘာ​သောက်သုံးကျလဲ!"

မူးလို့ထယ်​ယောင်းအ​ကြောင်း​​မေး၍မသိဘူး​ဖြေတိုင်း ဒီလိုပြန်အ​ပြောခံ​နေကျမို့ hardinအတွက်သိပ်​တော့မစိမ်း​တော့​ပေ။

"ဟား...ငါကအကြားမြင်ရ​နေတာမှမဟုတ်တာကွ"

"မင်းပြိုင်ပွဲရှိတယ်မလား...ပြန်​တော့"

​တော်​သေးတယ်။သူ့ပြိုင်ပွဲမနက်ဖြန်ရှိတယ်ဆိုတာ သိ​သေးလို့။အဲ့ဒါကို ညသန်း​ခေါင်းကြီး​လာခိုင်း​သေးတာ။လာ​တော့လည်းအရည်မရအဖတ်မရ ကင်မ်ထယ်​ယောင်းအ​​ကြောင်းပဲ။

"မင်းဘာသာပြန်နိုင်လို့လား"

Hardin​မေး​တော့ ​ဂျောင်ကုက​စိတ်ချစမ်းပါဆိုတဲ့သ​ဘောဖြင့် ​ခေါင်းညိတ်ပြသည်။

"ဒါဆိုငါသွားပြီ​နော် Jk"

"​နေဦး"

"ဘာလဲကွာ"

"တစ်ဖက်က​ကောင်ကိုရှုံးရဲရှုံးကြည့်စမ်း...မင်းကိုသတ်မယ်"

Light(completed)Where stories live. Discover now