18

2.8K 167 4
                                    

နာမည်ကြီးဒီဇိုင်နာလက်ရာ အနက်​​​ရောင်suitဝမ်းဆက်ဖြင့် သားနား​နေသည့်​​ဂျောင်ကုကိုကြည့်ပြီး နာဘီ​ခေါင်းခါရင်းသက်ပျင်းချသည်။

"နင်ခုလိုလုပ်​နေတာ...ငါဖို့လား...နင်ဖို့လား"

"စကားမများနဲ့ယူနာဘီ"

နာဘီရဲ့ခပ်ရွဲရွဲ့အ​မေးကို ​​ဂျောင်ကု​​ကနေသားမကျတဲ့နက်ခ်တိုင်ကို ညီညာ​အောင်ပြင်ပြီး​​ဖြေသည်။အနက်ရောင်ပြန်ဆိုးထားတဲ့ဆံပင်​တွေကို အ​ပြောင်သိမ်းတင်ထားသည့်ထိုအမျိုးသားက အ​တော်ခန့်ညားပြီး​ချော​မောလှသည်။နဂိုတည်တင်း​နေသည့်မျက်နှာထားကပင် ထို​ချော​မောမှုကိုပို​ထောက်ပံ့​နေတာဖြစ်သည်။

"သွားမယ်"

"ဟူး...နင့်အ​ကြောင်းငါသိတယ်​နော်Jk"

"နင်ထပ်စကားများရင်​နေခဲ့လိုက်​တော့ယူနာဘီ"

"အံမယ်...ဖိတ်စာကငါ့လက်ထဲမှာ​နော်"

"အဲ့​တော့...."

ဘယ်​လောက်စကားနိုင်လုလု ဒီ​ကောင့်ကိုမနိုင်တာမို့လက်​လျော့ပြီး ​ပေါင်အထက်နားထိခွဲထားတဲ့​ကျောက်စိမ်း​ရောင်ပိုးသားဂါဝန်ကိုမ၍ ​ရှေ့ကမြန်မြန်သွား​နေတဲ့​အ​ကောင်​နောက်ကိုလိုက်ရ​တော့သည်။

.
.

"ငယ်​လေး"

"အစ်ကို!!"

ကိုရီးယားပြန်​ရောက်တည်းကမ​တွေ့ရ​သေးတဲ့ညီ​လေးကို ပွဲကိုမလာဘူးဟုတမင်​ပြောပြီး ခုလိုတိတ်တိတ်​လေးစပရိုက်လာလုပ်​တော့ အံ့သြပြီး​ပြေးဖက်​တော့သည်။မ​တွေ့ရတဲ့6နှစ်အတွင်းမှာ ငယ်​လေးကပိုရင့်ကျက်လာတဲ့ပုံ​ပေါက်ပြီးလူကြီး​လေးဖြစ်လာပြီ။

"အစ်ကို​​​ဆော့ဂျင်​ရော"

"ငယ်​လေးက​တော့ကွာ...အစ်ကိုတစ်​ယောက်လုံး​မျက်စိ​ရှေ့​ရောက်​နေတာ​​တောင်...ဂျင်ကိုပဲ​မေး​နေတာပဲ...စိတ်မ​ကောင်းဖြစ်သွားပြီ"

​ယောက်ဖကိုအစ်ကိုထက်ပိုချစ်တဲ့ညီ​ကို တမင်စိတ်​ကောက်ဟန်ပြ​​တော့ ရယ်သံတိုးတိုးကိုကြားရသည်။

"အစ်ကို့ကိုကျွန်​တော်အရမ်းလွမ်း​နေတာ...အစ်ကို​ဆော့ဂျင်ကို​ရောပဲ"

Light(completed)Where stories live. Discover now