20

3.7K 179 6
                                    

"စိုးရိမ်စရာမရှိ​တော့ပါဘူး...အနည်းငယ်ပဲစားမိတဲ့အတွက်အစာအိမ်​​ဆေးစရာမလိုတာမို့...​​​သက်သာ​အောင်ဆေးထိုးပြီး​ပါပြီ...လူနာကအားနည်း​နေလို့အ​ကြော​ဆေးပါတစ်ခါတည်းသွင်း​ပေးခဲ့ပါတယ်...ဒါဆိုခွင့်ပြုပါဦး"

ဆရာဝန်​ပြောတာကို ​ခေါင်းသာညိတ်ပြလိုက်သည်။ကုတင်​ပေါ်မှာ​ဆေးပိုက်တန်းလန်းနဲ့ လှဲ​နေတဲ့ထယ်​ယောင်းကိုမြင်ပြီး ရင်ထဲမှာပူ​လောင်လွန်းသည်။သူ့အ​ပေါ်ကိုလဲကျလာတဲ့ ပုံရိပ်​လေးကိုပြန်မြင်တိုင်း လီမင်နာကိုသတ်ချင်စိတ်ကတဖွားဖွား။

"သက်သာရဲ့လား"

အားနည်း​နေတဲ့မျက်ဝန်းညို​လေးကို​မေးလိုက်​တော့ ​ခေါင်းရဲ့ရဲ့​​လေးညိတ်ပြသည်။လက်ကိုကိုင်ဖို့လုပ်​တော့ထယ်​ယောင်းက သူ့ဗိုက်​ပေါ်ကိုတင်လိုက်သည်။မကိုင်​စေချင်မှန်းသိတာမို့အတင်းမလုပ်​တော့ပဲ ​ဘေးမှာထိုင်လိုက်သည်။

"ကျေးဇူးပါ​ဂျောင်ကု"

"ကျစ်!...​ကျေးဇူးတင်တာ​တွေ...​​တောင်းပန်တာ​တွေမကြိုက်ဘူးဆိုတာ...မင်းသိသားနဲ့"

"မသိ​တော့ဘူး...ငါ​အကုန်​မေ့ပစ်လိုက်ပြီ"

"ထယ်​ယောင်း!"

​မေ့ပစ်လိုက်လို့မရဘူး။​​​နွေရာသီ​ကျောင်းပိတ်ရက်ကာလတို​လေးမှာ အတူရှိ​နေခဲ့တာကိုထယ်​ယောင်း​မေ့ပစ်လို့မဖြစ်ဘူး။

"ငါ့ဖုန်းယူ​ပေးပါ...မင်နာစိတ်ပူ​နေလိမ့်မယ်"

"ငါစိတ်ပူ​နေတာကို​ရော...မင်းမမြင်ဘူးလား!!"

​နေမ​ကောင်းတဲ့လူကိုမ​အော်သင့်မှန်းသိ​ပေမယ့် ကျွန်​တော်ကနဂိုတည်းကအရိုင်းအစိုင်းမလား?အမြဲလီမင်နာ နာမည်ပဲတ​နေတဲ့ထယ်​ယောင်း​ကြောင့် ​ဒေါသကလှိုက်ခနဲထွက်လာသည်။​သေ​လောက်​အောင်စိုးရိမ်​နေတဲ့ ဒီ​ကောင့်ကို​တော့နည်းနည်း​လေး​​တောင်အ​ရေးမလုပ်ဘူး။

"မမြင်ဘူး...မြင်​ပေးရ​အောင်လည်းငါတို့ကဘာမှမဟုတ်ဘူး​ဂျောင်ကု...မင်နာကငါ့ချစ်သူ...ငါလက်ထပ်ယူမယ့်မိန်းက​လေး...ငါ့စိတ်ထဲမှာမင်နာပဲရှိ​တယ်"

Light(completed)Where stories live. Discover now