"အရက်ပြင်းတစ်ခွက်ပေးပါ"
ထယ်ယောင်း တစ်ခါရောက်ဖူးသည့်T8ဘားသို့ရောက်နေတာဖြစ်၏။အရက်ဆိုတာကို တစ်ခါမှမသောက်ဖူးသော်လည်း အရက်သောက်လိုက်ရင်အားလုံးမေ့သွားတယ်လို့ကြားဖူးနားဝရှိတဲ့စကားတွေကြောင့် သောက်ဖို့ဆုံးဖြတ်ပြီးဒီကိုရောက်လာခဲ့သည်။ဘားတွေ၊ကလပ်တွေနဲ့ရင်းနီးမှုမရှိတာကြောင့် ဂျောင်ကုကိုလာခေါ်တုန်းကရောက်ဖူးသည့် ဒီဘားကိုပဲလာခဲ့မိတာဖြစ်သည်။
စားသောက်ဆိုင်တုန်းက မင်နာကကျွန်တော့်လက်ကိုကိုင်ပြီး အားလုံးသိပြီးသားပါလို့ပြောတော့ အတော်လန့်သွားခဲ့တာ။ဖြေရှင်းဖို့ကြိုးစားပေမယ့် မျက်ရည်တွေကျနေတဲ့မင်နာက ကျွန်တော့်မျက်နှာကိုဆွဲယူပြီး သူမကအတိတ်ကကိစ္စတွေအားလုံးကိုလက်ခံပေးနိုင်တယ် သူမကိုမထားခဲ့ပါနဲ့လို့ တောင်းဆိုခဲ့တယ်။ကျွန်တော့်လက်ကိုအတင်းဆွဲထားခဲ့တဲ့မင်နာက သူမကိုကျွန်တော်မချစ်ဘူးဆိုတာကို ရိပ်စားမိတယ်ထင်ပါတယ်။မထားခဲ့ဖို့ပဲတောင်းဆိုနေခဲ့တာ။ဒါကြောင့်ပိုစိတ်ရှုပ်ရပြီး မင်နာကိုဆိုင်မှာတစ်ယောက်တည်းထားကာ ဒီကိုထွက်လာမိလိုက်သည်။
"နောက်တစ်ခွက်ပေးပါ"
အဝင်အတော်ဆိုးပြီး လည်ချောင်းတစ်လျှောက်ပူဆင်းသွားသော်လည်း တစ်ခွက်ပြီးတစ်ခွက်သောက်နေမိသည်။သုံးခွက်လောက်သောက်အပြီးမှာတော့ အနည်းငယ်ရီဝေပြီးအဖြစ်အပျက်တွေကိုမေ့ချင်သလိုလိုဖြစ်လာသည်။သို့သော် သူပြောခဲ့တာတွေကြောင့်ငိုပြီးထွက်သွားတဲ့ ဂျောင်ကုမျက်နှာကိုတော့လုံးဝမေ့မရဘူး။သူတွန်းလိုက်တဲ့အရှိန်ကြောင့် ပါးမှာရသွားတဲ့ဒဏ်ရာကို ထပ်သတိရတော့ပိုဆိုးလာသည်။ကိုယ်တိုင်တောင်မသိလိုက်ပဲမျက်ရည်တွေက ပိုလို့ကျလာပြီး အရက်ပြင်းကိုလည်းသောက်စမရှိပါပဲ တရဆက်သောက်နေမိတော့သည်။
ခြောက်ခွက်လောက်သောက်ပြီးတော့ ထယ်ယောင်းကောင်တာပေါ်မှောက်ကျသွားသည်။
အရက်ကတစ်ကယ်စွမ်းသားပဲ..အားလုံးကိုမေ့သွားပြီ။
.
.
![](https://img.wattpad.com/cover/345938996-288-k500057.jpg)