![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အဝါနုရောင်တွေနဲ့ပြည့်နှက်နေတဲ့ Canola ပန်းခင်းကြီးကိုမျက်နှာမူ၍ ဂျောင်ကုနဲ့ထယ်ယောင်းလက်တွဲရင်းတူတူကြည့်နေကြသည်။ညဘက်လျှောက်သွားရင်းနဲ့ မထင်မှတ်ပဲတွေ့ခဲ့တဲ့ဒီပန်းခင်းကြီးကို ထယ်ယောင်းကသဘောကျတယ်ဆို၍ နောက်တစ်ခေါက်ပြန်လာခဲ့သည်။ထယ်ယောင်းပြောပြတာတော့ canola ပန်းတွေမှာ ပျော်ရွှင်ခြင်း၊ရွှင်လန်းတက်ကြွခြင်း၊တောက်ပခြင်းဆိုတဲ့အဓိပ္ပါယ်ရှိတယ်တဲ့။ပန်းတွေမှာ ဒီလိုအဓိပ္ပါယ်တွေရှိတာလားဆိုပြီး သူမေးတော့ထယ်ယောင်းကပန်းတိုင်းမှာရှိကြောင်းပြောပြတော့ အံ့သြခဲ့ရသေးသည်။ဒါကြီးကထူးဆန်းတယ်မလား?သက်မဲ့တွေကတော့ ကိုယ်ပိုင်အဓိပ္ပါယ်တွေသတ်မှတ်နိုင်မှာမဟုတ်ဘူး။လူတွေကသာသတ်မှတ်ပေးထားတာ။အဲ့ဒါကိုပဲလူတွေကပြန်ပြောပြီး ယုံကြည်နေကြတာ။ကင်မ်ထယ်ယောင်းက အဲ့ပန်းဝါဝါတွေကိုသဘောကျတယ်တဲ့။သူလည်းအဲ့ပန်းလေးလို ပျော်ရွှင်ချင်တယ် တောက်ပချင်တယ်လို့အမြဲပြောတယ်။ထိုစကားကြောင့် သူမသိတဲ့ထယ်ယောင်းရဲ့တစ်ဘက်ခြမ်းက ပျော်မနေဘူးဆိုတာကိုသူသဘောပေါက်လိုက်သည်။
"ငါတို့ကဘာတွေလဲ ဂျောင်ကု"
အဖြေတစ်မျိုးတည်းထွက်လာမှာကို သိရက်နဲ့တိုင်သူခဏခဏမေးမိတယ်။သူလိုချင်တဲ့အဖြေများ ရမလားဆိုတဲ့မျှော်လင့်ချက်သေးသေးလေးကြောင့်ပင်။
"ငါလည်းမသိဘူး ထယ်ယောင်း...မင်းဘယ်လိုသတ်မှတ်ချင်လဲ"
"မင်းအချစ်ကိုဘယ်လိုခံယူထားလဲ"
ထယ်ယောင်းက သူမေးတာကိုမဖြေပဲတစ်ခြားမေးခွန်းကို မေးလာပြန်သည်။ဒီမေးခွန်းအတွက်လည်း သူ့မှာအဖြေမရှိဘူး။အချစ်ဆိုတာကို နားမလည်သလို၊မလိုအပ်ဘူးလို့လည်းတွေးထားတယ်။
