မှန်သားကြည်ကြည်ကနေတစ်ဆင့်မြင်နေရတဲ့ အင်္ဂလန်ရဲ့ ညအလှကိုခံစားရင်း ဆေးလိပ်မီးခိုးငွေ့တွေကိုဖြည်းဖြည်းချင်းမှုတ်ထုတ်နေတဲ့အမျိုးသားက သိပ်ကြည့်ကောင်းသည်။ထူထဲတဲ့မျက်ခုံးတန်းတွေနဲ့ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းက ရှိရင်းစွဲချောမောမှုကိုပိုထောက်ပံ့ပေးနေသည်။အရပ်အမောင်းအနေတော်ဖြင့် ခန္ဓါကိုယ်ကျစ်ကျစ်လစ်လစ်ကနောက်ကျောကကြည့်ရုံဖြင့် အရှိန်အဝါတစ်ခုရှိပြီးဒူးထောက်ချင်စရာဖြစ်သည်။
ကင်မ်မိသားစုတစ်စုလုံးမှာ ဆေးလိပ်ကိုစွဲစွဲလမ်းလမ်းသောက်နေတဲ့သူက ကျွန်တော်တစ်ယောက်တည်းဖြစ်၏။
အတန်းဖော်မြန်မာလူမျိုးသူငယ်ချင်းတစ်ယောက်ဆီကကြားဖူးတဲ့ 'စိတ်သည်မကောင်းမှု၌မွေ့လျော်၏'ဟူသော
သူတို့ရဲ့ဘုရားအဆိုအတိုင်း ကျွန်တော့်စိတ်တွေကလည်း ထိုစီးကရက်တွေကိုမကောင်းမှန်းသိရက်နဲ့စွဲလမ်းနေတာ။စိတ်ထွက်ပေါက်ရဲ့ အကောင်းဆုံးအဖော်ကစီးကရက်တစ်လိပ်ဖြစ်လာခဲ့သည်။ထိုမကောင်းတဲ့အကျင့်ကို သင်ပေးခဲ့တဲ့တစ်ယောက်သောသူကိုလည်းသတိရရင်းနဲ့သောက်ဖြစ်တယ်လေ။သေချာတာကကောင်းသောသတိရခြင်းတော့မဟုတ်တော့ဘူး။အမုန်းတွေကပ်ပါရင်း ခံပျင်းစွာတနုံနုံသတိရနေတာ။"ကိုကို"
အသံချိုချိုလေးကိုကြားလိုက်ရတော့ သက်ပျင်းရဲ့ရဲ့ချပြီးစီးကရက်ကိုပြာခွက်ထဲဖိချ၍ မီးသတ်လိုက်သည်။
"မင်နာ"
"ကိုကို့ကိုလွမ်းနေတာ"
နောက်လှည့်ကြည့်လိုက်တာနဲ့ ရင်ခွင်ထဲတိုးဝင်လာတဲ့သူမကလွမ်းနေကြောင်းပြောပြီး သူ့မေးဖျားကိုမော့နမ်းသည်။
"မနက်ဖြန်မင်နာဘွဲ့ယူရမှာနော်...ကိုကိုမေ့မှာစိုးလို့သတိလာပေးတာ"
"ဖုန်းဆက်လည်းရရဲ့သားနဲ့"
"ကိုကို့မျက်နှာမြင်ချင်လို့ပေါ့"
"ဟုတ်ပါပြီ...ကိုယ်မမေ့ပါဘူး"
"အင်း...ကိုကို့ကိုချစ်တယ်"