23

3K 163 10
                                    

ပိတ်ရက်​ရောက်တာနဲ့ ဂမ်ရီအိမ်မှာတည်း​နေတဲ့​ကောင်​လေးသုံး​ယောက်လုံးကအိမ်ပြန်ကြသည်။ခဏပဲလာ​နေ​သော်လည်း သံ​ယောဇဥ်တွယ်​နေတာမို့ ဂမ်ရီမှာခဏ​လေးခွဲရတာ​တောင်မျက်ရည်ဝဲသည်။ထယ်​ယောင်းကတစ်​ယောက်တည်းတစ်စီး၊​ဂျောင်ကုနှင့်ဒူရှစ်ကတစ်စီးပြန်သွားသည်။ဒူရှစ်ကထယ်​ယောင်းနဲ့ကားကပ်စီးဖို့ကြံ​သော်လည်း ​ဂျောင်ကုကို​ကြောက်၍ ​နောက်ဆုံး​တော့​ဂျောင်ကုကားနဲ့သာပြန်လာခဲ့ရသည်။အ​နောက်ခန်းက​ခွေးဘီဘူးကြီးlufiကို အရိပ်တကြည့်ကြည့်လုပ်ရင်းပြန်သွားတဲ့ကားနှစ်စီးကို ဂမ်ရီကတာတာ့ပြရင်းကျန်ခဲ့သည်။

"ကျွန်​တော့်ကို...အီထယ်ဝန်​ထိပဲပို့​ပေးရင်ရပါပြီလူကြီးမင်း"

"ငါကမင်းဒရိုင်ဘာလား"

"မ..မဟုတ်ပါဘူး...​အိမ်ထိလိုက်ပို့​ရင်​​ပင်ပန်းမှာစိုးလို့ပါ"

"ဘယ်အိမ်ထိမှလိုက်မပို့ဘူး...မြို့ထဲ​ရောက်တာနဲ့ဆင်း!"

"ဟုတ်ကဲ့"

ဒူရှစ်မှာ လက်​ပေါက်ကပ်တဲ့​ဂျောင်ကုကိုဘာမှဆက်မ​တောင်းဆို​တော့ပဲ မျက်နှာရှုံ့မဲ့၍အ​နောက်ကလျှာတန်းလန်းနဲ့lufiကို​ကြောက်ရင်းပါလာခဲ့သည်။

​ဂျောင်ကုကားကအ​နောက်ကဖြစ်ပြီး ထယ်​ယောင်းကားအဖြူ​လေးကအ​ရှေ့မှဖြစ်သည်။​ဂျောင်ကုကအရှိန်ကုန်တင်၍​မောင်းတတ်သူ​ဖြစ်​သော်လည်း ထယ်​ယောင်းကိုစိတ်မချတာ​ကြောင့်​ အ​နောက်က​နေ​ကားကြည့်​ပေးရင်းနဲ့​အေး​ဆေးသာ​မောင်း၍လိုက်လာခဲ့သည်။

.
.

"ကျွန်​တော်ပြန်​ရောက်ပါပြီ"

အခန်းထဲတန်းဝင်သွားချင်​သော်လည်း ဧည့်ခန်းထဲမှာရှိ​နေတဲ့မိဘနှစ်ပါးကို ဝတ္တရားအရနှုတ်ဆက်​လိုက်သည်။

"သားပြန်လာမယ်ဆိုတာသိလို့...​မေ​မေကသားအကြိုက်​တွေချည်းချက်​ပေးထားတယ်"

​မေ​မေကထလာ၍ ကျွန်​တော့်လက်ကိုကိုင်ရင်း​ပြောသည်။​မေ​မေ့လက်​တွေက​နွေး​ထွေးပါ​သော်လည်း အလုပ်ကပင်ပန်းလာရင် အ​မော​ပြေ​ဖျော်ရည်​တိုက်တတ်တဲ့ဂမ်ရီလက်​တွေကို​တော့မမှီ​ပေ။

Light(completed)Where stories live. Discover now