ထယ်ယောင်း ယနေ့လည်း အရင်နေ့တွေလိုပင် စကားပန်းပန်ကြီးအောက်မှာ စာဖတ်နေသော်လည်း စာထဲတွင်စိတ်တော့သိပ်မရှိပေ။ဂျောင်ကုကမနက်ဖြန်တွေ့မယ်ပြောသွားပေမယ့် သူတို့မတွေ့ဖြစ်တာ3ရက်ပင်ရှိချေပြီဖြစ်သည်။သူငယ်ချင်းအသစ်ရတဲ့ခံစားချက်ကြောင့် ထယ်ယောင်းရဲ့
တစ်ဖက်သူအပေါ်စိတ်ဝင်စားမှုက အလွန်မြင့်တက်နေလေသည်။ထယ်ယောင်းမျက်လုံးတွေက ခြံအရှေ့တံခါးကိုသာကြည့်နေသည်။ပြီးတော့ ဘောင်းဘီအိတ်ကပ်ထဲတွင်လည်း
မီးခြစ်ကိုထည့်ထားသည်။ဘာကြောင့်ဆောင်ထားသလဲဆိုတော့ ဂျောင်ကုအလိုရှိလျှင်ချက်ချင်းပေးနိုင်ဖို့ပင်။မနက်ခင်းထဲကဖတ်နေတဲ့စာအုပ်က ခုထိစာမျက်နှာ20လောက်ပင်မပြီးသေးတာကြောင့် ထယ်ယောင်းသက်ပျင်းချကာ ခြံရှေ့သို့တစ်ချက်ကြည့်၍ အိမ်ထဲသို့ပြန်ဝင်လာခဲ့တော့သည်။ထမင်းစားချိန်ဖြစ်၏။
"အဘိုး...အန်တီယွန်းကမင်းစားဖို့အဆင်သင့်ဖြစ်နေပါပြီတဲ့"
စာဖတ်ခန်းသို့ဝင်၍ ထမင်းစားရန်အဘိုးကိုလာခေါ်ခြင်းဖြစ်သည်။အဘိုးကစာဖတ်ဝါသနာကြီးသူဖြစ်၍ ထယ်ယောင်းရဲ့စာဖတ်ခြင်းအမှုသည်လည်း အဘိုးဆီမှအမွေရခြင်းဖြစ်သည်။
"အဘိုးဆင်းလာခဲ့မယ်မြေးလေး"
"ဟုတ်ကဲ့ အဘိုး"
ထမင်းစားပွဲပေါ်တွင် သူကြိုက်သောဟင်းမျိုးစုံကိုတည်ခင်း
ထားသည်။ကိုရီးယားအစားအစာတွေကို အဓိကကြိုက်သူမို့
ဟင်းပွဲတိုင်းသည် သူ့အကြိုက်ပင်။သို့သော် ထယ်ယောင်း
သိပ်စားချင်စိတ်မရှိပါ။သူ့စိတ်ထဲတွင် တစ်ခုခုကြောင့်အလိုမကျဖြစ်နေပေမယ့် ထိုအလိုမကျမှုကဘာကြောင့်မှန်းရယ်မသိပေ။"မြေးလေး ထမင်းစားမကောင်းလို့လား...အစားနည်းတယ်ကွယ်"
အဘိုးစကားလှမ်းပြောမှ ထယ်ယောင်းကိုယ့်ကိုယ်ကိုသတိပြန်ထားမိသည်။ထမင်းပန်းကန်က အရာမယွင်းသေးပေ။
ဖေဖေသာရှိရင် သေချာပေါက်အဆူခံရမည်ကိစ္စဖြစ်သည်။