"ဂျောင်...ဂျောင်ကု"
"ဘာမှမပြောနဲ့ထယ်ယောင်း...ငါအရမ်းစိတ်ရှုပ်နေတယ်...ပြီးတော့..ခုနကကိစ္စတွေကိုမေ့လိုက်"
"ဒါ...ဒါပေမယ့်..."
"ကျစ်!...နောက်မှပြောလို့ရမလား"
ကင်မ်ထယ်ယောင်းငိုနေတာကို သူသိပေမယ့် သူလည်းစိတ်ရှုပ်နေတာပင်။နမ်းခဲ့ကြတာကတော့ ယောကျာ်းလေးချင်းပဲမို့ ဘာမှမဖြစ်သွားပေမယ့် ဘာကိစ္စထယ်ယောင်းက ဒီလောက်ငိုယိုနေရတာလဲ?သူကရော ဘာလို့ဒီလိုလူကြားထဲမှာ နမ်းခဲ့ရတာလဲ?နောင်တတော့မရပါဘူး။တစ်ဖက်ကကောင်ကို ခံပြင်းအောင်လုပ်နိုင်ခဲ့တာနဲ့တင်တန်တယ်။
ထယ်ယောင်း အောက်နှုတ်ခမ်းကိုဖိကိုက်ကာ မျက်ရည်များကိုတင်းခံနေပေမယ့် သူအတင်းအကျပ်ထိန်းချုပ်ထားသည့်တိုင် ရင်ထဲကဝမ်းနည်းနေမှုကြောင့် မျက်ရည်များကတားမရဆီးမရ။နိုင်ငံခြားမှာကာလာတစ်ခုကြာကြီးပျင်းလာသူမို့ ဒီလိုနမ်းခံလိုက်ရတာဟာ အထွေအထူးမဟုတ်မှန်းသိပေမယ့် ဂျောင်ကုအပေါ်သူ့ခံစားချက်တွေက မရိုးမသားဖြစ်နေတာ သူသာသိသည်။ဂျောင်ကုဆီက အခုလိုဆက်ဆံခံလိုက်ရတော့ သူ့ခံစားချက်တွေက ဖျက်ဆီးခံလိုက်ရသလိုတစ်စစီ။တစ်ဖက်လူကိုအနိုင်ရဖို့ သူ့ကိုဒီလိုလူကြားထဲမှာနမ်းပစ်ပြီး အနိုင်ယူလိုက်ရတဲ့အထိဂျောင်ကုက သူ့ခံစားချက်တွေကို အလေးမထားတာလားဆိုတာကြောင့်ပင်။
"ထယ်ယောင်း...ငါ.."
"ငါနားချင်နေပြီ ဂျောင်ကု...လိုက်ပို့ပေးလို့ကျေးဇူးပါ"
သူ့စကားတောင်မဆုံးသေးခင် ဖြတ်ပြောလာတဲ့ထယ်ယောင်းက ခုထိမျက်ရည်များနှင့်ပင်။
"ငါမင်းကိုပြောစရာရှိသေးတယ်"
"နောက်နေ့မှပြောရအောင်"
ထယ်ယောင်းက သူ့စကားတောင်နားမထောင်တော့ပဲ ကားပေါ်ကဆင်းသွားသည်။သူနဲ့စကားပြောဖို့ကို အတင်းငြင်းနေတိုင် မျက်ရည်တွေကျနေဆဲ။ဘာလို့ဒီလောက်ထိ ဝမ်းနည်းသွားရတာလဲ?သူ့first kissကိုယူလိုက်မိလို့လား?စိတ်ရှုပ်နေသည့်ကြားမှပင် ပြုံးလိုက်မိသည်။ထယ်ယောင်းရဲ့first kissက သူဖြစ်နေလို့ဟူသောအကြောင်းပြချက်ကြောင့်။