မနက်စာစားဖို့အတွက် ခြံဝန်းထဲကကွပ်ပျစ်ပေါ်မှာအားလုံးထိုင်နေကြသည်။သို့သော် ထယ်ယောင်းကတော့မလာသေး။ဂျောင်ကုကတော့ ဟိုးနေ့ညတည်းကသူ့ကိုရှောင်နေတဲ့ထယ်ယောင်းကြောင့် ခုလည်းရှက်လို့မလာဘူးလို့ထင်ပြီး သိပ်စိတ်ထဲမထားပဲစားသောက်နေသည်။ဒူရှစ်ကတော့ ကိုယ့်သူဌေးတစ်ယောက်လုံးမလာသေးတာကြောင့် မစားသေးပဲစောင့်နေသည်။အတန်ကြာတဲ့ထိမလာသေးတာကြောင့် ဂမ်ရီကိုမေးဖို့ပြင်ရတော့သည်။
"ဂမ်ရီ...ထယ်ယောင်းကဘာလို့မလာစားသေးတာလဲ"
"အိုကွယ်...ငါလည်းခုမှသတိရတယ်...အသက်ကြီးတော့ဦးနှောက်တွေကမကောင်းတော့ပါဘူးအေ...ထယ်ယောင်းကအစောကြီးတည်းက အလုပ်ကိစ္စရှိလို့ဆိုပြီး...ဆိုးလ်ပြန်သွားပြီ...မင်းတို့ကိုပြောဖို့မေ့နေတာ"
ဂမ်ရီပြောတော့မှ ဂျောင်ကုစားသောက်နေတာရပ်သွားသည်။ထယ်ယောင်းက ဆိုးလ်ကိုအစောကြီးပြန်ရလောက်အောင် ဘာကိစ္စရှိလို့လဲ?မဟုတ်မှလွဲရော..လက်ထပ်ဖို့ကိုများအတင်းသဘောတူတော့မလို့လား?မဖြစ်ဘူး။
ဂျောင်ကု ထမင်းစားပွဲကနေမြန်မြန်ထသွားပြီး အခန်းထဲဝင်၍လိုအပ်တာတွေကိုယူပြီး ပြန်ထွက်လာသည်။
"ဘာဖြစ်လို့လဲ ဂျောင်ဂျောင်"
ဂမ်ရီက ပြာယာခတ်နေတဲ့ဂျောင်ကုကိုလှမ်းမေးတော့သည်။
"ကျွန်တော် ထယ်ယောင်းနောက်လိုက်သွားရမယ်...ကျွန်တော်တို့မရှိတုန်း ဂရုစိုက်ပါ...ဒူရှစ်...ဂမ်ရီကိုဂရုစိုက်ပေးပါ"
ဂျောင်ကုကထိုမျှသာပြောပြီးlufiကိုခေါ်၍ ကားကိုဝူးခနဲမောင်းထွက်သွားတော့သည်။ဒူရှစ်မှာတော့ သူ့ကိုတရင်းတနီးနာမည်ခေါ်ကာ အကူညီတောင်းသွားတဲ့လူကြီးမင်းကြောင့် စားနေရင်းတန်းလန်းကြောင်အအနဲ့ကျန်ခဲ့သည်။ဂမ်ရီကတော့ မနက်အစောကြီးအိမ်မှာမရှိတော့တဲ့ ကောင်လေးနှစ်ယောက်ကြောင့်ဝမ်းနည်းပေမယ့်လည်း ပြန်ပြေလည်တော့မယ်လို့ထင်ရတဲ့ထိုကောင်လေးတွေအတွက် ဝမ်းသာနေတော့သည်။