9

2.6K 169 9
                                    

"​ဂျောင်ကု...ဒီကိုခဏလာပါဦး...ဒယ်ဒီ​ပြောစရာရှိလို့"

Hardinတို့နဲ့​တွေ့ပြီးပြန်လာစဥ် ဧည့်ခန်းထဲက​နေစီးကာ​ပြောလာတဲ့ဒယ်ဒီ​ကြောင့် ​ခေါင်းညိတ်ပြရင်းဒယ်ဒီဆီ​လျှောက်လာလိုက်သည်။ဒယ်ဒီ​ဘေးမှာ ထိုင်​နေတဲ့မိန်းမကသူလာတာနဲ့ ​ရှောင်ထွက်သွား​ပေးသည်။ဒယ်ဒီကကိုယ်​ရေးကိုယ်တာနဲ့အ​ပျော်ကို ဘယ်​တော့မှမ​​ရော​ထွေးတတ်ပါ။

"ဒီတစ်​ယောက်က ဒယ့်ဒီအသစ်​ပေါ့"

ဆိုဖာမှာထိုင်ရင်း​မေးလိုက်​တော့ ဒယ်ဒီကပြုံးရင်း​ခေါင်းညိတ်ပြသည်။ဒယ်ဒီကအသက်အရွယ်တစ်ခု​ရောက်​နေသည့်တိုင် လူငယ်တစ်​ယောက်လို​ချော​နေဆဲပင်။ဒါ​ကြောင့်လည်း ဝိုင်းဝိုင်းလည်​နေ​တော့တာ။

"သားပဲchangeလိုက်ဆိုကွာ"

"ဒယ်ဒီကလိမ္မာသားပဲ"

သူ​ပြော​တော့ ဒယ်ဒီ့ရယ်သံ​တွေကဧည့်ခန်းတစ်ခုလုံးကိုလွှမ်းမိုးသွားသည်။သူနဲ့ဒယ်ဒီ့စကားဝိုင်းက ခုလိုမျိုးအမြဲ​ပေါ့​ပေါ့ပါးပါးနဲ့ရယ်သံ​တွေသာပါဝင်တတ်သည်။ဒယ်ဒီကသူ့ကိုသူငယ်ချင်း​ပေါင်း​ပေါင်းတာ​ကြောင့် တစ်ခါတစ်​လေသားအဖဆိုတာထက်​ဘော်ဒါ​တွေလိုဖြစ်​နေသည်။

"ဒယ်ဒီ ​ပြောစရာရှိတယ်ဆို"

"အင်း...ဒယ်ဒီUSကိုလုပ်ငန်းသစ်စာချုပ်ချုပ်ဖို့သွားရမယ်...အဲ့ဒါနှစ်ပတ်​လောက်ကြာနိုင်တယ်...သားတစ်​ယောက်တည်းအဆင်​ပြေရဲ့လားသိချင်လို့"

ဒယ်ဒီကသူ့ကိုခုထိ 6နှစ်သား​လေးလို့ထင်​နေတဲ့ပုံ။

"​သားက​အေး​ဆေး​ပါ...ဒယ်ဒီသာUSသူ​လေး​တွေအိမ်မ​ခေါ်လာနဲ့"

သူ့အ​ပြောကိုဒယ်ဒီက သ​ဘောကျ၍ရယ်သည်။ဒယ်ဒီမသိတာက သူကတစ်​ယောက်တည်း​နေသားကျ​နေတယ်ဆိုတာကိုပင်။အရွယ်​ရောက်​နေပြီးသားဖြစ်တာမို့ ဒယ်ဒီမရှိလည်းသူတစ်​ယောက်တည်း​နေနိုင်​နေပြီဖြစ်သည်။​နေ့တိုင်းလည်း ဒီအိမ်ကြီးမှာ အိမ်အကူ​တွေနဲ့သူပဲရှိတာမလား?ဒယ်ဒီကခုမှ​ရေးကြီးခွင်ကျယ်လုပ်​နေတာ။

"ဟားဟားဟား...ဒီတစ်​ခေါက်အလုပ်ကိစ္စနဲ့မို့USသူ​လေး​တွေကိုငမ်းဖို့အချိန်​တောင်မရှိ​လောက်ပါဘူးကွာ"

Light(completed)Where stories live. Discover now