4

3.4K 192 7
                                    

"​ဂျောင်ကု မင်း​သောက်ထားတာဆို​တော့....ကား​မောင်းလို့ဖြစ်ပါ့မလား"

ထယ်​ယောင်းက​ဂျောင်ကုအား စိုးရိမ်တကြီး​မေးလာသည်။
​ထယ်​ယောင်းအ​မေးကို ​ဂျောင်ကုကမဲ့ပြုံး​လေးတစ်ခုဆင်မြန်းရင်း

"ငါမမူးပါဘူး...​မောင်းလို့ရတယ်...ခါတိုင်းလည်း​သောက်ပြီးဒီလိုပဲပြန်​နေကျ...မင်း​​ကြောက်လို့လားထယ်​ယောင်း"

​ဂျောင်ကုက ကားစက်နှိုးပြီးမ​မောင်း​သေးပဲ ထယ်​ယောင်းဘက်သို့လှည့်ကာ​ပြောသည်။​ဂျောင်ကုမျက်ဝန်း​တွေက အနည်းငယ်​​​ဒေါသရိပ်သမ်း​နေသည်။

"ငါမ​ကြောက်ပါဘူး..မင်းကိုစိုးရိမ်လို့ပါ"

ထယ်​ယောင်းစိတ်ထဲရှိတဲ့အတိုင်း​ပြောပြလိုက်သည်။

"ဟုတ်ပြီ...မင်းကိုအိမ်​သေချာလိုက်ပို့​ပေးမှာပါ"

"အင်း"

ထယ်​ယောင်း ​ဂျောင်ကုကိုကြည့်၍ အနည်းငယ်​တော့ ​ကြောက်စိတ်ဝင်မိသည်။အရက်တစ်ပုလင်းလုံး​သောက်​ပေမယ့် ​ဂျောင်ကုကတစ်ကယ်ကိုမူး​နေပုံမရ။တစ်ခုခု​ကြောင့်
စိတ်ရှုပ်​နေတဲ့ပုံ​ပေါက်ပြီး သူ့စကားများကိုလည်းရွဲ့​နေသလိုပင်။

မိနစ်20လောက်​မောင်းအပြီးမှာ ထယ်​ယောင်းခြံ​ရှေ့သို့ကားဆိုက်​လာသည်။မီးပွိုင့်ကမီးနီ​တွေကိုပါ ဂရုမစိုက်ပဲဖြတ်​မောင်းလာ​တာကြောင့် အသွားထက်ပိုမြန်သည်။ထယ်​ယောင်းက​တော့ မီးနီဖြတ်​မောင်း၍လန့်​နေ​ပေမယ့် ​ဂျောင်ကုက​တော့​အေး​ဆေးပင်။​

ဂျောင်ကုကားအနီ​လေးခြံ​ရှေ့​ရောက်တာနဲ့ ထယ်​ယောင်းတို့ခြံ​စောင့်ဦး​လေးကြီးက ခြံတံခါးဖွင့်​ပေးသည်။တံခါးပွင့်တာနဲ့ အမျိုးသားတစ်​ဦးက ခပ်​မြန်မြန်သူတို့ကားဆီ​လျှောက်လာသည်။ထယ်​ယောင်းကိုဖုန်းဆက်တဲ့ 'အစ်ကို' ဆိုတဲ့တစ်​ယောက်ဖြစ်မည်။အရပ်​အ​တော်ရှည်၍ သားသားနားနားဝတ်စားထားသည်။အနည်းငယ်ညို​သောအသားအ​ရောင်ရှိ၍ ကြည့်လိုက်တာနဲ့တင် အရှိန်အဝါတစ်ခုကထင်းထွက်​နေ​သောလူဖြစ်သည်။ကား​ပေါ်ကဆင်းသွား​သော ထယ်​ယောင်းကို 'ငယ်​လေး' ဟု​ခေါ်သည်။သူလည်းကား​ပေါ်ကဆင်း​လိုက်ပြီး ထယ်​ယောင်းနှင့်စကား​ပြော​နေ​သောလူကို  ကြည့်​နေလိုက်သည်။

Light(completed)Where stories live. Discover now