11

2.7K 165 2
                                    

မနက်ခင်း​လေအ​​ဝေ့မှာ​တစ်ပွင့်ချင်း​ကြွေကျ​နေတဲ့ စကားပန်းဖြူဖြူ​လေး​တွေကိုကြည့်ရင်း ထိုပန်းဖြူဖြူ​လေး​တွေကိုသ​ဘောကျတယ်ဆိုတဲ့​ကောင်​လေးကို ​ပြောမပြတတ်​အောင်လွမ်း​နေမိသည်။​သူလည်းစကားပန်းဖြူဖြူ​လေးသာဆို ​ဂျောင်ကုကမြတ်နိုးမှာလား?တစ်ခါတစ်​လေစိတ်လွတ်သွားတဲ့အချိန်​တွေဆို ​ဂျောင်ကုသ​ဘောကျတယ်ဆိုတဲ့ ထိုစကားပန်းဖြူဖြူ​တွေကိုမနာလိုမိသား။သက်မဲ့ပစ္စည်း​လေးတစ်ခုအတွက်နဲ့​တောင် ရင့်ကျက်တယ်ဆိုတဲ့ကျွန်​တော်က မနာလိုဖြစ်​နေမိတာ။

ကျွန်​တော့်ရူးသွပ်မှုကို ကျွန်​တော်​တောင်နားမလည်နိုင်​လောက်တဲ့အထိပင်။

တစ်ညလုံးမအိပ်စက်ပဲငိုထားတာ​ကြောင့် ထယ်​ယောင်းမျက်လုံးတွေက နီရဲပြီးကျိန်းစက်​နေသည်။အိပ်ယာထက်မှာဒူးနှစ်​​ချောင်းကိုပူးပြီးလက်​လေးနဲ့ပိုက်ထားကာ ပြတင်း​ပေါက်ကတစ်ဆင့်မြင်​နေရတဲ့ ခြံထဲက​ဖွေး​ဖွေးလှုပ်​နေတဲ့
စကားပန်းဖြူပင်ကြီးကို​ငေးကြည့်​သည်။မဖိတ်​ခေါ်ပါပဲ
မျက်ရည်​တွေကလည်း တလှိမ့်လှိမ့်ကျရင်းနဲ့​ပေါ့။

မ​နေ့ည​နေကအိမ်ပြန်​​ရောက်​တော့ ထင်ထားတဲ့အတိုင်း​​ဖေ​ဖေက သူ့ဖုန်းကိုဆက်မရတာ​ကြောင့် အဘိုးဆီကိုဖုန်းဆက်ပြီး ကျွန်​တော့်ကိုကလန်ကဆန်လုပ်လို့ဆိုပြီး ဆုံးမခိုင်းတယ်တဲ့။အဘိုးကကျွန်​တော့်ကို ဆူတဲ့စကား​တစ်ခွန်း​တောင်မဆိုပဲ ​​မျက်ရည်​တွေဝဲပြီးပြန်လာတဲ့ကျွန်​တော့်ကို ​​နွေး​ထွေး​သောလက်တစ်စုံနဲ့ကမ်း​ပေးပြီး ခေါင်း​လေးပွတ်​​ပေး၍ ​ပျော်​ပျော်​နေဖို့ပဲ​ပြောခဲ့တယ်။အဘိုးကတိခံလိုက်လို့သာ ပြဿနာကဒီ​လောက်နဲ့ပြီးသွားတာ။​​​ဖေ့​ဖေ့အ​ကြောင်းကို​နော​ကျေ​နေပြီမို့ ​ရှေ့​လျှောက်ကျွန်​တော်သတိထားဖို့​တော့လိုအပ်တယ်။

'​ဒေါက်...​ဒေါက်'

"ထယ်​လေး​ရေ...မနက်စာစားဖို့အဘိုးကလာ​ခေါ်ခိုင်းလို့ပါ"

အန်တီယွန်းလာ​ပြော​တော့မှ သတိရသည်။8နာရီမှာ
မနက်စာစားဖို့ကို သူ​မေ့​လျော​နေတာပဲ။ဒါ​​ပေမယ့်လည်းမို့အစ်​နေတဲ့မျက်ခွံ​တွေကို ​တွေ့ရင်အဘိုးကစိတ်ပူ​နေမှာမို့...

Light(completed)Where stories live. Discover now