"ဂျွန်ဂျောင်ကုကအဲ့ကိုရောက်နေတယ်ပေါ့...
ဟက်... စိတ်ဝင်စားစရာပါလား...ဘာထူးသေးလဲ""မန်နေဂျာချုပ်က အရောတဝင်မရှိပါဘူး...အလုပ်ကိုပဲသေချာစိတ်နှစ်ပြီးကြိုးစားနေပါတယ်...မန်နေဂျာချုပ်ကိုပြန်ခေါ်လိုက်ရမလားဥက္ကဌကြီး"
အတွင်းရေးမှူးဂျောင်ပြောတော့ Kim gp ဥက္ကဌကြီးကင်မ်ဂွမ်ယောင်းကလက်ကာပြသည်။ပြီးတော့ မှန်ကနေတစ်ဆင့်မြင်နေရတဲ့ ကိုရီးယားနန်းတော်ရဲ့ရှုခင်းကိုကြည့်ပြီးဖြေးဖြေးချင်းပြုံးသည်။သူလိုချင်တာဒါပဲလေ။ဒီလိုဖြစ်လာမယ်ဆိုတာကြိုသိလို့ တမင်ထယ်ယောင်းကိုအဲ့ကိုလွှတ်လိုက်တာ။
"ဒီလမကုန်ခင်စေ့စပ်ပွဲလုပ်ဖို့စီစဥ်ထားလိုက်...စေ့စပ်ပွဲကိုKim gpကပဲဆောင်ရွက်ပေးမယ်ဆိုတာကို...လီအိမ်တော်ကိုလည်းအသိပေးလိုက်တော့...ပြီးတော့ဒီကိစ္စတွေကိုမန်နေဂျာချုပ်မသိစေနဲ့...သဘောပေါက်လား"
"ပေါက်ပါတယ် ဥက္ကဌကြီး"
ဥက္ကဌကြီးကမေးဆတ်ပြတော့ အတွင်းရေးမှူးဂျောင်ကအလိုက်တသိနဲ့အပြင်ထွက်သွားသည်။အခန်းထဲမှာတစ်ယောက်တည်းကျန်ခဲ့မှ အံ့ဆွဲထဲကဓါတ်ပုံတွေကိုထုတ်၍ကြည့်သည်။သူ့သားငယ်ထယ်ယောင်းနဲ့ဂျွန်ဂျောင်ကုရဲ့ပုံတွေပင်။သားငယ်ကကတိပေးထားတဲ့အတိုင်း အရောတဝင်မနေပေမယ့် ဂျွန်ဂျောင်ကုဆိုတဲ့အရိုင်းအစိုင်းကတော့ထိုသို့မဟုတ်။မျက်လုံးရဲ့အကြည့်တွေက လူတစ်ယောက်ရဲ့ခံစားချက်ကိုလိမ်လို့မရဘူးဆိုတဲ့အတိုင်း သူ့သားငယ်ထယ်ယောင်းကိုကြည့်တဲ့ ဂျွန်ဂျောင်ကုမျက်လုံးတွေကလည်း သိပ်ဖတ်ရလွယ်သည်။အချစ်မှာပျော်ဝင်နေတဲ့မျက်လုံးတွေကို ဓါတ်ပုံထဲမှာတောင်အတိုင်းသားမြင်နေရသည်။
သူလိုချင်တာက သားငယ်ကင်မ်ထယ်ယောင်းကိုသားကြီးလိုအဖြစ်မခံပဲ ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးနဲ့လက်ထပ်ပေးမယ်။ပြီးရင် Kim gpကိုစိတ်ချလက်ချလွှဲခဲ့မယ်။ဒီလောက်လေးပဲ။အခုတော့ အကြံတစ်ခုထပ်တိုးလာတယ်။တစ်ချိန်ကသူ့ကုမ္ပဏီကိုဒေဝါလီခံရလုနီးပါးလုပ်ခဲ့တဲ့ ဂျွန်ဂျောင်ကုရဲ့ရှယ်ယာတွေကို သူ့အလိုလိုပြန်ထုတ်သွားဖို့ပဲ။ရှယ်ယာရှင်ဘက်ကပြန်ထုတ်ရင် လျော်ကြေးငွေ2ဆလည်းရမယ်၊သူ့သားငယ်အတွက်လည်းစိတ်အေးရမယ်။ရတဲ့လျော်ကြေးငွေတွေနဲ့ သူတို့Kim gpကပဲရှယ်ယာပြန်ဝင်မယ်။ဘယ်လောက်ကောင်းတဲ့အကြံလဲ?တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။ဒါကြောင့် သားငယ်ကိုလီမင်နာနဲ့မြန်မြန်စေ့စပ်ပြီးလက်ထပ်ပေးရမယ်။