8

3K 166 5
                                    

ထယ်​ယောင်း ​ရေချိုး​နေရင်း​နေ့လည်ကအဖြစ်အပျက်ကိုပြန်စဥ်းစား​နေမိသည်။​ဂျောင်ကုကသူ့ကိုနမ်းချင်လို့နမ်းလိုက်တာတဲ့။အဲ့စကားကိုသူ့နားထဲက​နေမထွက်ပါ။နမ်းချင်တိုင်းနမ်းပစ်လိုက်လို့ရ​အောင် သူတို့ကဖြူစင်တဲ့က​လေး​တွေမဟုတ်​တော့ဘူး။အရွယ်​​ရောက်​နေပြီဖြစ်တဲ့​ယောကျာ်း​လေးနှစ်​ယောက်။ချစ်သူ​တွေလည်းဟုတ်မ​နေဘူး။

မင်းဘာလို့အနမ်းခံခဲ့လဲ ကင်မ်ထယ်​ယောင်း။​ဂျောင်ကုကိုမင်းတွန်းထုတ်ခဲ့ပါလား?ဘာလို့​ပျော့ညံရတာလဲ?မင်းကို​
ဂျောင်ကုဘယ်လိုထင်သွားမလဲ?

ထယ်​ယောင်းသူကိုယ်သူအပြစ်တင်ရင်း ​ရေဇလားထဲသို့​ခေါင်းနစ်ဝင်သည်အထိစိမ်​​​​နေလိုက်သည်။ဘာကြောင့်မှန်းရယ်မသိ...သူ့ကို​ဂျောင်ကုကအထင်​သေး​နေသည်ဟုခံစား​နေရသည်။​ဂျောင်ကုအပြစ်ရယ်လို့​တော့ပြောလို့မရဘူး။လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာ။​ဂျောင်ကုအနမ်း​တွေကိုမငြင်းဆန်ခဲ့တာ​ကြောင့် သူ့အပြစ်လည်းမကင်းပါ။

​​ရေ​အောက်ထဲမှာဆက်အသက်မရှုနိုင်​​တော့မှ ခေါင်းပြန်​ဖော်လိုက်သည်။​မောဟိုက်လွန်းလို့ရင်ဘတ်တစ်ခုလုံး စုန်ချည်ဆန်ချည်ဖြစ်​နေသည်။

"မင်းနဲ့ဒီည​တွေ့ဖို့ကို​ ​ဝန်​လေးနေမိတယ်​ဂျောင်ကု"

​ရေချိုးပြီး​တော့ အိမ်ကိုခဏဖုန်းဆက်ပြီးထမင်းစားရန်​အောက်ထပ်သို့ဆင်းလာခဲ့သည်။ထမင်းစားပြီး​တော့အဘိုးနဲ့စာအုပ်အ​ကြောင်း​တွေ​ဆွေး​နွေးဖြစ်ခဲ့ကြသည်။​စာအုပ်ချစ်သူ​တွေမို့ အဘိုးနဲ့စကား​ပြောရတာသက်​တောင့်သက်သာရှိပြီး​ပျော်ဖို့​ကောင်းသည်။အမိ​မြေကိုခဏပြန်လာတိုင်း အ​မေ့အိမ်ထက်အဘိုးအိမ်ကိုနှစ်ခြိုက်ရခြင်းကထိုအချက်​ကြောင့်ပင်။

"အိပ်မက်လှလှမက်ပါ​စေအဘိုး"

"ငါ့​မြေး​​ရောပဲအိပ်မက်လှလှမက်ပါ​စေ...ဒီည​တော့ညဥ့်နက်တဲ့ထိစာမဖတ်နဲ့​နော်...မနက်စာစားဖို့မ​စောင့်ရ​စေနဲ့"

"ဟုတ်ကဲ့ပါအဘိုး"

အဘိုးနဲ့စကား​ပြောပြီး​တော့ နွားနို့ပူပူတစ်ခွက်ကိုယူကာအခန်းထဲသို့ပြန်လာခဲ့သည်။မ​နေ့ညက​ကောင်း​ကောင်းမအိပ်ထားမှု​ကြောင့် သူ့မျက်လုံး​​တွေကမှိတ်ချင်​နေသည်။
အိပ်ချင်​စေမယ့်နွားနို့ကိုဆက်မ​သောက်​တော့ပဲ စာအုပ်စင်ကနာမည်ကြီးစာ​ရေးဆရာNicholas Sparksရဲ့1996ခုနှစ်ကအသက်သွင်းခဲ့တဲ့ The Notebook ဆိုတဲ့စာအုပ်​လေးကိုယူပြီးကုတင်​ကို​ကျော်မှီထိုင်၍ ဖတ်​နေလိုက်သည်။The Notebookကဇာတ်ကားအ​နေနဲ့ပါနာမည်ကြီးခဲ့​ပေမယ့် သူက​တော့မူရင်းစာအုပ်ကိုသာပိုသ​ဘောကျသည်။စာအုပ်ချစ်သူမို့လည်းဖြစ်​ကောင်းဖြစ်နိုင်သည်။သစ်ခွဲစက်မှာအလုပ်လုပ်တဲ့​ဆင်းရဲသား​ကောင်​လေးနဲ့ သူ​ဌေးသမီးတို့ကြားထဲကအချစ်စစ်ကို ​ကောင်း​ကောင်း​ဖော်ပြထားသည့်ထိုစာအုပ်ကို သူခဏခဏဖတ်ပြီးအချစ်ဆိုတာကိုစိတ်ကူးယဥ်ခဲ့ဖူးသည်။

Light(completed)Where stories live. Discover now